Apple ကနေ လက်ရှိနောက်ဆုံးအနေနဲ့ iPad 10th Gen အပြင် M2 iPad Pro တွေကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အဆိုပါ M2 iPad Pro တွေဟာ Performance ပိုင်းမှာ M1 Chip ကနေ M2 Chip ကို ပြောင်းလဲအသုံးပြုထားတာကလွဲပြီး တခြားသော Design ပိုင်း၊ Feature ပိုင်း သိသိသာသာပြောင်းလဲမှုမရှိဘူးလို့ ပြောနိုင်ပါတယ်။

ဒါပေမယ့် Apple ဟာ လာမယ့် ၂၀၂၃ ခုနှစ်မှာတော့ iPad တွေကို လုံးဝ Design ပြောင်းလဲမိတ်ဆက်သွားနိုင်ပြီးတော့ လက်ရှိနောက်ဆုံးသိရတဲ့သတင်းတွေအရ iPad 16-inch Model အသစ်ကိုပါ မိတ်ဆက်သွားဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် အဆိုပါ 16-inch iPad ဟာ Apple ကနေ မိတ်ဆက်ခဲ့သမျှ iPad တွေထဲမှာ Screen Size အကြီးမားဆုံးဖြစ်လာမှာပါ။

အခုလို iPad ကို 16-inch အနေနဲ့ မိတ်ဆက်လိုက်တဲ့အတွက် iPad နဲ့ MacBook ကြားက ကွာခြားချက်တွေဟာ ပိုမိုနည်းပါးလာမှာဖြစ်ပါတယ်။ Apple ဟာ M2 iPad Pro တွေမိတ်ဆက်တဲ့အချိန်မှာ Professional Video Editing App တွေဖြစ်တဲ့ Davinci Resolve လိုမျိုး Software တွေကို စတင်ထောက်ပံ့ပေးနိုင်ပြီလို့ ကြေညာခဲ့သလို iPad တွေအတွက် Touch Support ပါဝင်တဲ့ macOS Version ကိုပါ စမ်းသပ်နေတယ်လို့ သတင်းထွက်ရှိထားတာကြောင့် နောက်ပိုင်းမှာ iPad တွေဟာ MacBook အတိုင်းနီးပါး အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

အဆိုပါ 16-inch iPad အတွက် Magic Keyboard ကိုလည်း အသစ်မိတ်ဆက်သွားမယ်လို့ ယူဆရပြီး လက်ရှိ iPad Pro တွေအတွက် ထွက်ရှိထားတဲ့ Magic Keyboard အစား iPad 10th Gen အတွက် ထွက်ရှိထားတဲ့ Kickstand အနေနဲ့ပါ အသုံးပြုနိုင်တဲ့ Design ကို ပြောင်းလဲအသုံးပြုလာဖွယ်ရှိနေပါတယ်။ Display ပိုင်းအနေနဲ့ကတော့ အတိအကျမသိရသေးပေမယ့် mini-LED ကိုပဲ အသုံးပြုလာနိုင်ပါတယ်။

Ref – Gizmo China