Samsung က Foldable iPhone မထုတ်လုပ်နိုင်သေးလို့ Apple ကို လှောင်ပြောင်ထားတဲ့ ကြော်ငြာ ဗီဒီယို ၁ ခုကို ဒီတစ်ပတ် အစောပိုင်းတုန်းက မျှဝေလိုက်ပါတယ်။ ကြော်ငြာဗီဒီယိုရဲ့ အမည်က “On the Fence” ဖြစ်ပြီး Apple ကို တိုက်ခိုက်ဖို့ သီးသန့် ဖန်တီးထားတာပါ။

ဗီဒီယိုမှာ Apple Fan ၁ ယောက်ဟာ Apple Store ထဲကနေ ခြံစည်းရိုးကို ခေါင်းကျော်ကြည့်ကာ ဟိုဘက်ခြံထဲကို သွားဖို့ ခြံစည်းရိုးပေါ်တက်ကာ ထိုင်လိုက်ပါတယ်။ အဲဒီအချိန်မှာ နောက်တယောက်က သူ့အနားရောက်လာပြီး “ မင်းဘာလုပ်နေတာလဲ ခြံစည်းရိုးပေါ်မှာ ထိုင်လို့ မရဘူး။ “ လို့ ပြောလိုက်ပါတယ်။ ခြံစည်းရိုးပေါ်က လူက “ ဟိုဘက်မှာ အမိုက်စား ကင်မရာတွေပါတဲ့ Folding ဖုန်းတွေ ရှိနေပြီ။” လို့ ပြောလိုက်ပါတယ်။ အဲဒီနောက်မှာ နောက်ထပ် Apple Customer ၁ ယောက်က သူတို့ရဲ့ Foldable ဖုန်း အကြောင်း စကားဝိုင်းကို စိတ်ဝင်စားပြီး ရောက်လာပါတယ်။

Samsung

ဝန်ထမ်းက “ Foldable iPhone ထွက်လာဖို့ စောင့်ရဦးမှာပါ။” လို့ ပြောပါတယ်။ ဒါပေမယ့် Apple Fan က “ ဘာကြောင့်လဲ? ဟိုမှာ ရှိနေပြီလေ။” လို့ တုန့်ပြန်လိုက်ပါတယ်။ အဲဒီအခါ ဝန်ထမ်းက “ ဒါ ငါတို့ လုပ်နေကျအတိုင်းပဲလေ။ ငါတို့ စောင့်နေကျပဲ။ “ လို့ ပြောလိုက်ပါတယ်။

Samsung ဟာ Apple ကို အမြဲ လှောင်ပြောင်နေကျ ဖြစ်ပြီး Apple ဖုန်း အသစ် ထုတ်တိုင်း၊ လုပ်ဆောင်ချက် အသစ်တွေ ကြေညာတိုင်း ထိုးနှက်တိုက်ခိုက်လေ့ ရှိပါတယ်။

Ref : gizmochina