Apple ဟာ အမေရိကန် အခြေစိုက် ဂြိုလ်တုဝန်ဆောင်မှုဖြစ်တဲ့ Globalstar မှာ ဒေါ်လာ သန်း ၄၅၀ ရင်းနှီးမြှပ်နှံထားပြီး Apple ရဲ့ ဂြိုလ်တု ဆက်သွယ်ရေး အခြေပြု Emergency SOS ကို ဒီလနှောင်းပိုင်း iPhone 14 Series မှာ ထည့်သွင်းပေးတော့မှာ ဖြစ်ပါတယ်။
Apple ရဲ့ Advanced Manufacturing Fund ကနေ ရင်းနှီးမြှပ်နှံလိုက်တာ ဖြစ်ပြီး Globalstar ရဲ့ ဂြိုလ်တု ကွန်ရက်နဲ့ Ground Stations တွေ တိုးတက်အောင် အဲဒီ ငွေကြေးတွေနဲ့ တည်ဆောက်မှာ ဖြစ်ပါတယ်။ အဲဒီ Stations တွေမှာ ကယ်လီဖိုးနီးယားက Cobham Satcom က ထုတ်လုပ်တဲ့ စွမ်းရည်မြင့် အန်တင်နာတွေ တပ်ဆင်ထားပြီး Globalstar ရဲ့ ဝန်ထမ်း ၃၀၀ ဟာ အဲဒီ ဝန်ဆောင်မှု အသစ်ကို ထောက်ပံ့ကူညီမှာ ဖြစ်ပါတယ်။
အဲဒီ ဝန်ဆောင်မှုမှာ Spectrum အတွက် ITU Radio Regulations ရဲ့ Mobile Satellite Services အတွက် အထူး ဖန်တီးထားတဲ့ L နဲ့ S Bands တွေကို အသုံးပြုမှာ ဖြစ်ပါတယ်။ iPhone 14 က ဂြိုလ်တု ဆက်သွယ်ရေးကို တောင်းဆိုလိုက်တာနဲ့ အဲဒီ သတင်းစကားကို ကမ္ဘာပတ်လမ်းကြောင်း အနိမ့်ပိုင်းမှာ ရှိတဲ့ Globalstar ရဲ့ ဂြိုလ်တု ၂၄ ခုက ရရှိမှာဖြစ်ပြီး အဲဒီနောက် သတင်းစကားကို Custom Ground Station ၁ ခုကို ပေးပို့မှာ ဖြစ်ကာ အရေးပေါ် ဝန်ဆောင်မှုကို ပြုလုပ်ပေးမှာပါ။
Apple ရဲ့ Emergency SOS via Satellite ကို အမေရိကနဲ့ ကနေဒါမှာ ဒီလနှောင်းပိုင်း ဝန်ဆောင်မှု ပေးမှာ ဖြစ်ပါတယ်။ ပထမ ၂ နှစ်ကို အခမဲ့ အသုံးပြုနိုင်မှာ ဖြစ်ပြီး နောက်ပိုင်းမှာ အခကြေးငွေ ပေးရမှာပါ။ Apple က ဝန်ဆောင်ခ ဈေးနှုန်းကို မပြောသေးပါဘူး။
Ref : gsmarena