Honor က ဒီလ ၂၃ ရက်နေ့မှာ Magic Vs Foldable ဖုန်းနဲ့ Honor 80 Series ကို ကြေညာမှာပါ။ Honor 80 Series မှာ Honor 80, SE, Pro နဲ့ Pro+ တို့ ပါလာနိုင်ပြီး Honor 80 Pro+ ရဲ့ အနောက်ဘက်မှာ 160MP ကင်မရာ ၁ လုံး တပ်ဆင်ထားမယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ Honor က 80 Pro မှာ 160MP ကင်မရာ ၁ လုံး ပါမယ်လို့ အတည်ပြုလိုက်ပါတယ်။

Honor 80 Pro will sport a 160MP rear camera

Honor က တရုတ် လူမှုကွန်ရက် ဝီဘိုကနေ ကြေညာလိုက်တာ ဖြစ်ပြီး Honor 80 Pro ရဲ့ ပိုစတာ ၁ ခုကို ပြသထားကာ မျက်နှာပြင် အထက် အလယ်မှာ ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ အဲဒီ ကင်မရာတွေရဲ့ သတင်းအချက်အလက်တွေကို Honor က မပြောသေးပါဘူး။ Honor 80 Pro+ ရဲ့ အရှေ့ဘက်မှာ 50MP ကင်မရာ ၂ လုံး တပ်ဆင်ထားမယ်လို့ သတင်းထွက်နေပါတယ်။

Honor 80 series also coming on November 23 - GSMArena.com news

Honor က 80 Pro+ ကို ကြေညာမယ်လို့ အတည်မပြုသေးပါဘူး။ ဒါပေမယ့် ဝီဘိုက ပို့စ်မှာ 160MP ကင်မရာအတွက် Series စကားလုံးကို အသုံးပြုထားတဲ့အတွက် Honor 80 Series မှာ 160MP ကင်မရာ ပါတဲ့ စမတ်ဖုန်း ၁ လုံးထက် ပိုနိုင်ပါတယ်။

Honor က 80 မှာ Snapdragon 782G SoC နဲ့ Honor 80 Pro မှာ Snapdragon 8+ Gen 1 Chip ပါမယ်လို့ အရင်က အတည်ပြုထားပြီး ဖုန်း အားလုံးမှာ MagicOS ထည့်သွင်းထားမှာပါ။ ဒီလ ၂၃ ရက် မိတ်ဆက်ပွဲ မတိုင်ခင် အဲဒီဖုန်းတွေရဲ့ သတင်းအချက်အလက်တွေ ပိုမို ထွက်လာမှာပါ။

Ref : gsmarena