Xiaomi ဟာ Device တချို့အတွက် MIUI Development Version V14.0.22.12.19.DEV, V14.0.22.12.20.DEV, V14.0.22.12.21.DEV ကို မကြာခင်က ဖြန့်ချိပေးလိုက်ပြီး အောက်ပါ Device တွေမှာ ရရှိပြီ ဖြစ်ပါတယ်။

  • Xiaomi Mi MIX FOLD
  • Xiaomi Pad 5 Pro 5G
  • Xiaomi Pad 5 Pro
  • Xiaomi Pad 5
  • Xiaomi Mi 11 Youth Vitality Edition

အထက်ပါ Device အားလုံးထဲမှာ Xiaomi Pad 5 Pro 12.4 နဲ့ Xiaomi Pad 5 အတွက် Android 13 အခြေပြု MIUI Development Version ကို ပထမဆုံး အကြိမ် ဖြန့်ချိပေးလိုက်တာ ဖြစ်ပြီး စွမ်းရည်မြှင့်ပေးတဲ့ လုပ်ဆောင်ချက်နဲ့ တိုးတက်မှုများစွာ ပါလာပါတယ်။ Xiaomi Pad 5 အတွက် Android 12 အခြေပြု MIUI Dev Version ကို ဆက်လက် ဖြန့်ချိပေးမှာပါ။ အဲဒီ မော်ဒယ်မှာ Android 13 မရသေးခင် Android 13 အခြေပြု MIUI Dev Version ကို ဖြန့်ချိပေးမှာ မဟုတ်ပါဘူး။

Xiaomi MIUI 14

Xiaomi က Redmi K50 နဲ့ Redmi K50 Pro အတွက် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ Dev Version ကို ဖြန့်ချိပေးမယ်လို့ ပြောပါတယ်။ Xiaomi 13 Pro နဲ့ Xiaomi 13 တို့ဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့မှာ MIUI Dev Version ကို ရကြမှာပါ။

MIUI 14

Xiaomi က တက်ဘလက်နဲ့ Folding မျက်နှာပြင်ပါတဲ့ မော်ဒယ်တွေရဲ့ Architecture ဟာ ရိုးရိုး မော်ဒယ်တွေနဲ့ ကွဲပြားတဲ့အတွက် Xiaomi Mi MIX FOLD, Xiaomi Pad 5 Pro 5G နဲ့ Xiaomi Pad 5 Pro တို့ဟာ MIUI 14+Android 13 ကို ရကြတာလို့ ပြောပါတယ်။

Ref : gizchina