OnePlus 11 ကို တရုတ်မှာ ကြေညာလိုက်ပြီး Snapdragon 8 Gen 2 SoC မောင်းနှင်ထားပါတယ်။ 12GB or 16GB LPDDR5X RAM နဲ့ 256GB or 512GB UFS 4.0 Storage ထည့်သွင်းထားပါတယ်။

OnePlus 11 comes with Snapdragon 8 Gen 2, improved trio of Hasselblad cameras

၆.၇ လက်မ LTPO 3.0 AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး 1440p Resolution ပါပါတယ်။ 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။

OnePlus 11 comes with Snapdragon 8 Gen 2, improved trio of Hasselblad cameras

အနောက်ဘက်မှာ 50MP Main Sony IMX890 (PDAF , OIS) ,  48MP Ultrawide Angle Sony IMX581 , 32MP Sony IMX709 Telephoto ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 32MP Sony IMX709 2x Telephoto ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

OnePlus 11 comes with Snapdragon 8 Gen 2, improved trio of Hasselblad cameras

OnePlus 11 ရဲ့ ဘက်ထရီက 5,000mAh ဖြစ်ပြီး 100W Fast Charging ထည့်သွင်းထားပါတယ်။ X-axis Vibration Motor တပ်ဆင်ထားတဲ့အတွက် Gamer တွေ အကြိုက် ဖြစ်ပြီး ကုမ္ပဏီက စမတ်ဖုန်းတွေမှာ ထည့်သွင်းထားတဲ့ အကြီးမားဆုံး Vibration Motor လို့ ပြောပါတယ်။

Android 13 အခြေပြု Color OS 13 မောင်းနှင်ထားပြီး ဇန်နဝါရီလ ၉ ရက်နေ့ တရုတ်မှာ ရောင်းချမှာ ဖြစ်ပါတယ်။ အစိမ်းနဲ့ အနက်ရောင် ထုတ်လုပ်ထားပြီး 12/256GB ကို ၅၈၀ ဒေါ်လာ၊ 16/256GB ကို ၆၄၀ ဒေါ်လာနဲ့ 16/512GB ကို ၇၁၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena