လွန်ခဲ့တဲ့ ၁၆ နှစ်အကြာက Apple CEO Steve Jobs ဟာ စင်မြင့်ပေါ်မှာ iPhone နဲ့ iPod ကို မိတ်ဆက်ခဲ့ပါတယ်။ အခုဆိုရင် iPhone ဟာ ကုမ္ပဏီရဲ့ အဓိက ထုတ်ကုန် ၁ ခု ဖြစ်နေပြီ ဖြစ်ပြီး iPhone ရောင်းချရာကနေ ကုမ္ပဏီဟာ အမြတ်ငွေ ဒေါ်လာ ၄၂ ဘီလီယမ် ရရှိခဲ့ပါတယ်။ အဲဒီ အမြတ်ငွေ ပမာဏဟာ Mac, iPad နဲ့ Wearables စုစုပေါင်း ထက် ပိုများပါတယ်။

The Apple iPhone turns 16 today! - GSMArena.com news

Apple ရဲ့ iPad တွေဟာလည်း တက်ဘလက် ဈေးကွက်မှာ ဦးဆောင်နေပါတယ်။ Apple ဟာ iPhone နဲ့တွဲဖက် အသုံးပြုနိုင်တဲ့ နားကြပ်နဲ့ စမတ်နာရီတွေကိုလည်း ထုတ်လုပ်ရောင်းချထားတဲ့အတွက် Ecosystem ကောင်းမွန်ပါတယ်။ Apple ရဲ့ iPhone တွေဟာ ကွာတားတိုင်း ဒေါ်လာ ဘီလီယမ်နဲ့ချီပြီး ရောင်းနေရပါတယ်။

Apple debuts iPhone 14 Pro and iPhone 14 Pro Max - Apple

Apple ကို ကြိုက်တဲ့ သူပဲ ဖြစ်ဖြစ် မုန်းတဲ့သူပဲ ဖြစ်ဖြစ် iPhone ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ဩဇာလွှမ်းမိုးမှု အရှိဆုံး ထုတ်ကုန် ဖြစ်ပြီး မိုဘိုင်းဖုန်း နယ်ပယ်ကို တော်လှန်ဆန်းသစ်စေခဲ့ပါတယ်။

အဲဒီအတွက် ဇန်နဝါရီလ ၉ရက်နေ့က သက်တမ်း ၁၆ နှစ်ပြည့်ပြီ ဖြစ်တဲ့ iPhone ကို Happy Birthday လို့ ဂုဏ်ပြုလိုက်ပါတယ်။

Ref : gsmarena