Xiaomi က ပြီးခဲ့တဲ့လမှာ 13 Series ကို တရုတ်မှာ ကြေညာခဲ့ပြီး Xiaomi 13 နဲ့ 13 Pro တို့ ပါလာပါတယ်။ အခုတော့ Xiaomi ဟာ 13 Series နောက်ထပ် ဖုန်း ၁ လုံးကို မကြာခင် မိတ်ဆက်တော့မယ်လို့ ထင်ပါတယ်။ အဲဒီ ဖုန်းက Xiaomi 13 Lite ဖြစ်ပြီး Google Play Console ဒေတာဘေ့စ်မှာ တွေ့လာရပါတယ်။

Xiaomi 13 Lite

Google Play Console မှာ Xiaomi 13 Lite ရဲ့ လျှို့ဝှက်အမည်က Ziyi လို့ ဖော်ပြထားပြီး Xiaomi 13 Lite ဟာ Xiaomi Civi 2 ကို အမည်ပြောင်းထားတာ ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။

Google Play Console အရ Xiaomi 13 Lite မှာ 1080x2400p မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး ၁ လက်မကို Pixel သိပ်သည်းဆက 440 ဖြစ်ပါတယ်။ Qualcomm SM7450 Processor မောင်းနှင်ထားမှာ ဖြစ်ပြီး Qualcomm Adreno 644 GPU ပါမယ်လို့ ဖော်ပြထားပါတယ်။

Google Play Console က စာရင်းအရ Xiaomi 13 Lite မှာ Qualcomm Snapdragon 7 Gen 1 Processor မောင်းနှင်ထားမယ်လို့ သိရပါတယ်။ Snapdragon 7 Gen 1 ကို 4nm Manufacturing Process နဲ့ တည်ဆောက်ထားပြီး 2.4GHz Octa-core CPU တပ်ဆင်ထားပါတယ်။ 8GB RAM Version ထုတ်လုပ်ထားမှာ ဖြစ်ပြီး Android 12 OS ထည့်သွင်းထားတာပါ။

Xiaomi CIVI 2 launched in China with Snapdragon 7 Gen 1 chipset and a 120 Hz AMOLED display - NotebookCheck.net News

Xiaomi 13 Lite ရဲ့ Specs တွေက Xiaomi Civi 2 နဲ့ တူညီမှာ ဖြစ်ပါတယ်။

Ref : mysmartprice