Samsung ဟာ Galaxy S Series ဖုန်းတွေကို အမြဲတမ်းလိုလို အမျိုးအစား ၃ မျိုးမိတ်ဆက်နေတာဖြစ်ပါတယ်။ ယခုနှစ်မှာလည်း Galaxy S23 ၊ Galaxy S23 Plus နဲ့ Galaxy S23 Ultra ဆိုပြီး ၃ မျိုးမိတ်ဆက်သွားမှာဖြစ်ပါတယ်။
ဒါပေမယ့် Samsung ဟာ လက်ရှိအချိန်မှာ Galaxy Note Series ဖုန်းတွေကို ဆက်လက်ထုတ်လုပ်ခြင်းမရှိတော့တာကြောင့် Galaxy S Ultra ဖုန်းမှာ Note Series Feature တွေကို ထည့်သွင်းပြီး ထုတ်လုပ်နေတာဖြစ်ပါတယ်။ Galaxy S23 Ultra ဖုန်းဆိုရင်လည်း Note Series Feature တစ်ခုဖြစ်တဲ့ S Pen အပြင် ဒီဇိုင်းပိုင်းမှာလည်း Galaxy Note ဖုန်းနဲ့ ပိုပြီးဆင်တူနေမှာဖြစ်ပါတယ်။
ဒါကြောင့် Galaxy S Series ဖုန်းတွေထဲမှာ Ultra Version ကို ဝယ်ယူသူအများဆုံးဖြစ်ပြီး ဒုတိယဝယ်ယူသူအများဆုံးကတော့ ပုံမှန် Galaxy S Version ပဲဖြစ်ပါတယ်။ ဒါကြောင့် ကြားထဲက Galaxy S Plus Version ဟာ ဝယ်ယူသူအနည်းဆုံးလို့ ပြောရမှာပါ။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းကလည်း Galaxy S22 Plus ဖုန်းတွေဟာ အလုံးရေ ၅.၅ သန်းပဲရောင်းချခဲ့ရပြီး Galaxy S22 Series စုစုပေါင်းရောင်းအားရဲ့ ၁၇ ရာခိုင်နှုန်းပဲရှိခဲ့ပါတယ်။ တစ်ဖက်မှာတော့ Galaxy S22 ဟာ စုစုပေါင်းရောင်းအားရဲ့ ၃၈ ရာခိုင်နှုန်းကို ရယူထားပြီး Galaxy S22 Ultra ဖုန်းက ၄၅ ရာခိုင်နှုန်းအထိ ရယူထားခဲ့ပါတယ်။
ဒီအတွက် Samsung ဟာ လာမယ့် ၂၀၂၄ ခုနှစ်မှာ Galaxy S24 Series ဖုန်းတွေကို Plus Version ပါဝင်ခြင်းမရှိဘဲ ၂ မျိုးပဲ မိတ်ဆက်ဖို့စီစဥ်နေပြီလို့ သိရပါတယ်။ အလားတူ Samsung ဟာ ရောင်းအားနည်းပါးတဲ့ Galaxy A2x Series နဲ့ A7x Series ဖုန်းတွေကိုလည်း ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ပါသေးတယ်။
Ref – Gizmo China