Blockchain နည်းပညာကဲ့သို့ ပင်မဗဟိုပြုချက်မရှိတဲ့ Social Networking Protocol တစ်ခုဖြစ်တဲ့ Nostr ဟာ Apple App Store ပေါ်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။
Nostr ဟာ ယခင် Twitter CEO ဖြစ်သူ Jark Dorsey ရဲ့ နည်းပညာအပေါ်စိတ်ဝင်စားမှုကြောင့် ရေပန်းစားခဲ့ပြီး နောက်ပိုင်းမှာ Jark Dorsey ဟာ Nostr ဖန်တီးသူကို Bitcoin ၁၄ ခု လှူဒါန်းခဲ့ပါတယ်။ အခုလိုလူစိတ်ဝင်စားမှုတွေကြောင့် Nostr Protocol အပေါ်အခြေခံထားပြီး တည်ဆောင်ထားပြီး အအောင်မြင်ဆုံး Mobile App ဖြစ်တဲ့ Damus ဟာ လူအယောက် ၁၀,၀၀၀ ခန့်ကို Beta Test ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် အဆိုပါ App Developer တွေဟာ Apple App Store မှာ တရားဝင် Listing ပြုလုပ်ခွင့် လျှောက်ထားနိုင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ Damus ဟာ ခွင့်ပြုချက်ရရှိပြီဖြစ်ပြီး မည်သူမဆို App Store မှာ Download ရယူအသုံးပြုနိုင်ပါပြီ။
ယခုသတင်းကို Jack Dorsey ကိုယ်တိုင်က Twitter Comment ဖြင့် အခုလို Launch ပြုလုပ်နိုင်မှုဟာ Open Protocol နည်းပညာတွေအတွက် မှတ်ကျောက်တင်စရာဖြစ်တယ် ဆိုပြီး ပြောကြားခဲ့ပါတယ်။
Nostr ဟာ “Notes and Other Stuff Transmitted by Relays” ဆိုတဲ့ စာသားရဲ့ အရှေ့စာလုံးတွေကို ယူထားတာဖြစ်ပြီး အဆိုပါ စာသားအတိုင်း မှတ်စုတိုတွေကို အချင်းချင်းပေးပို့ဖို့ပဲ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ အသုံးပြုသူတွေဟာ Client Application တစ်ခုကနေတစ်ဆင့် Public Key တစ်ခုနဲ့ Private Key တစ်ခုစီပါဝင်တဲ့ Key Pair ကို Generate ပြုလုပ်ခြင်းဖြင့် Account တစ်ခုကို ဖွင့်နိုင်မှာဖြစ်ပါတယ်။ Public Key ဟာ အဆိုပါ အသုံးပြုသူရဲ့ “ID” အဖြစ် Protocol မှာ မှတ်ယူထားမှာဖြစ်ပြီး Private Key ဟာ အသုံးပြုသူရဲ့ Password နှင့် အလုပ်လုပ်ပုံဆင်တူပါတယ်။ အသုံးပြုသူဟာ တစ်ဆင့်ချိတ်ဆက်သူ Relay ကို ဆက်သွယ်ပြီး Message ကို Protocol ဆီကို Broadcast ပြုလုပ်နိုင်သလို သူတို့ရဲ့ Private Key ဖြင့် Message ကို Signed ပြုလုပ်နိုင်ပါတယ်။ ပုံစံမတူညီသော Cryptography တွေကို အသုံးချခြင်းဖြင့် အသုံးပြုသူတွေဟာ ပေးပို့လိုသူရဲ့ Public Key ဆီသို့ လမ်းခရီးမှာ Message တွေကို Encrypted ပြုလုပ်ပြီး ပေးပို့နိုင်ပါတယ်။ ဒါဟာ လက်ခံသူရဲ့ Public Key ကို ရောက်ရှိလာတဲ့အချိန်မှာ Private Key ကိုအသုံးပြုပြီးမှ Decrypt ပြုလုပ်ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
အခုလိုမျိုး အလုပ်လုပ်ပုံဟာ Bitcoin နဲ့ ဆင်တူမှာဖြစ်ပါတယ်။ Bitcoin Transaction ဟာလည်း မတူညီတဲ့ Encryption ကနေတစ်ဆင့် မှန်ကန်သောလက်ခံသူကိုယ်တိုင်ကပဲ ပြန်အမ်းငွေကို “Decrypt” ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါဟာ တစ်နည်းအားဖြင့် နောက်ပိုင်း Transaction တွေမှာ အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ Bitcoin ဟာ လက်ရှိ Nostr က အသုံးပြုနေတဲ့ရိုးရှင်းလွယ်ကူတဲ့ Send-to-Public-Key Dynamic ကနေ အဆင့်တက်သွားပြီဆိုပေမယ့် မူရင်း Idea ကတော့ တူညီစွာရှိနေဆဲဖြစ်ပါတယ်။
Nostr ဟာ အသုံးပြုသူအလွန်နည်းပါးတဲ့ Project တစ်ခုသာဖြစ်နေသေးပြီး Protocol ဟာလည်း သက်တမ်းအလွန်ငယ်သေးတယ်လို့ ဆိုနိုင်ပါတယ်။ Bitcoin ဟာ လက်ရှိအချိန်မှာ သက်တမ်း ၁၄ နှစ်ရှိနေပြီဖြစ်ပေမယ့် တကမ္ဘာလုံးက လက်ခံနိုင်ဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။ Nostr ဟာ အဆိုပါ သမိုင်းကြောင်းရဲ့ တစ်စိတ်တပိုင်းပဲရှိနေသေးပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် နည်းပညာဟာ ပွင့်လင်းတဲ့အပြင် ဆင်ဆာပြုလုပ်နိုင်ခြင်းမရှိခြင်း၊ လုပ်ပိုင်ခွင့်မရှိတဲ့ ဆက်သွယ်ရေး Protocol ကြောင့် ယုံကြည်နိုင်စွမ်းမြင့်မားနေပါတယ်။ Damus App ဟာ App Store ပေါ်မှာ Download ပြုလုပ်နိုင်ပြီဖြစ်တာကြောင့် Nostr ဟာ ယခင်ထက်ပိုပြီး လူအမြောက်အများကို ရောက်ရှိနိုင်ပြီဖြစ်ပါတယ်။
Ref : Bitcoin Magazine