Xiaomi က Band 8 ကို ကြေညာလိုက်ပြီး ဆေးတောင့်ပုံ ဒီဇိုင်း ဖြစ်ပါတယ်။ 1.6” AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး 60Hz Refresh Rate, 600 nits Peak Brightness , Always On Display Mode နဲ့ Watch Faces များစွာ ပါပါတယ်။ ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပါတယ်။

လက်ပတ်ကြိုး အရွယ်အစား များစွာ ထုတ်လုပ်ထားပြီး သားရေ၊ ချည်သား၊ အပေါက်ပါတဲ့ သံ နဲ့ TPU တို့လို လက်ပတ်ကြိုးအမျိုးအစားများစွာ ရွေးချယ်နိုင်ပါတယ်။ Fitness Tracker ကို လည်ဆွဲလို ဝတ်ဆင်နိုင်အောင်လည်း ဖန်တီးပေးထားသလို ရှူးဖိနပ်ချည်တဲ့ ကြိုးမှာ တပ်ဆင်နိုင်ပါတယ်။

Fitness အကြောင်းပြောရရင် Band 8 မှာ နှလုံးခုန်နှုန်း၊ သွေးတွင်းအောက်ဆီဂျင် ပမာဏ၊ အိပ်စက်မှု၊ စိတ်ဖိစီးမှုနဲ့ အမျိုးသမီး ရာသီစက်ဝန်းတွေကို တိုင်းတာပေးနိုင်ပါတယ်။ ပြေးတဲ့အခါမှာ ခြေလှမ်းအကွာအဝေး၊ မြေပြင်ပေါ် အားသက်ရောက်မှု၊ မြေပြင်ပေါ် ခြေထောက်ကျတဲ့ အနေအထားတွေကို တွက်ချက်ပေးနိုင်ပါတယ်။ အားကစား Mode ပေါင်း ၁၅၀ ကျော် ထည့်သွင်းထားပါတယ်။

စမတ်ဖုန်းက Notification တွေ၊ ရာသီဥတု အခြေအနေနဲ့တခြား သတင်းအချက်အလက်တွေကို ပြသပေးပါတယ်။ ၁ ခါအားသွင်းထားရင် ၁၆ ရက် အသုံးခံတဲ့ 190mAh Battery တပ်ဆင်ထားပါတယ်။

တရုတ်မှာ Standard Version ကို ၂၃၉ ယွမ် (၃၄ ဒေါ်လာ) နဲ့ NFC Version ကို ၂၇၉ ယွမ် (၄၀ ဒေါ်လာ) သတ်မှတ်ထားပါတယ်။

Ref : gizmochina