Poco F5 ကို ယူအေအီးမှာ ကြေညာလိုက်ပြီး စွမ်းရည်သင့် Snapdragon 7+ Gen  2 Chipset မောင်းနှင်ထားပါတယ်။ 8GB or 12GB RAM နဲ့ 256GB Storage ထည့်သွင်းထားပါတယ်။

Poco F5 and Poco F5 Pro officially debut in UAE

Poco F5 မှာ 6.67” AMOLED 1080p မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။

အနောက်ဘက်မှာ 64MP Main, 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး OIS နဲ့ EIS ထောက်ပံ့ထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။

Poco F5 ရဲ့ အလေးချိန်က ၁၈၁ ဂရမ်နဲ့ အထူက ၇.၉ မီလီမီတာ ဖြစ်ပါတယ်။ 67W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပြီး Android 13 အခြေပြု MIUI 14 မောင်းနှင်ထားပါတယ်။ NFC, IR Blaster, NFC နဲ့ Bluetooth 5.3 ထည့်သွင်းထားပါတယ်။

တကယ်တော့ Poco F5 ဟာ တရုတ်မှာပဲ ရောင်းချထားတဲ့ Xiaomi Redmi Note 12 Turbo ကို အမည်ပြောင်းကာ နိုင်ငံတကာမှာ ရောင်းချလိုက်တာ ဖြစ်ပါတယ်။

ယူအေအီး ဝက်ဘ်ဆိုက်မှာ Poco F5 အတွက် Black , Blue နဲ့ White အရောင်တွေကို ဖော်ပြထားပြီး ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။

Ref : gsmarena