Xiaomi ရဲ့ Sub-brand Redmi က ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ Helio G85 ပါတဲ့ Redmi 12C ကို ကြေညာခဲ့ပြီး အခုတော့ ကုမ္ပဏီက မကြာခင် ရိုးရိုး Redmi 12 ကို ကြေညာတော့မယ်လို့ ထင်ရပါတယ်။ ကုမ္ပဏီက Redmi 12 မိတ်ဆက်မယ့်နေ့ကို မပြောသေးပေမယ့် Redmi ရဲ့ ပေါ်တူဂီဌာနခွဲက တရားဝင် ဝက်ဘ်ဆိုက်မှာ Redmi 12 ကို စာရင်းတင်ထားပြီး Specs ၊ ဒီဇိုင်းနဲ့ ဈေးနှုန်းတွေကို သိလာရပါပြီ။

Redmi 12 on Xiaomi Portugal's website

အဲဒီ ဝက်ဘ်စာမျက်နှာကို ဖယ်ရှားလိုက်ပြီ ဖြစ်ပေမယ့် ဂျာမနီ ဝက်ဘ်ဆိုက် WinFuture က အဲဒီ သတင်းအချက်အလက်တွေကို ရယူထားလိုက်နိုင်ပါတယ်။

Redmi 12's retail box

Redmi 12 မှာ 6.79” FullHD+ 90Hz LCD မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး မျက်နှာပြင်အထက် အလယ်က Punch Hole မှာ 8MP ဆဲလ်ဖီး ကင်မရာ ပါလာမှာပါ။ အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး 50MP Main , 8MP Ultrawide နဲ့ 2MP Macro/Depth တွေ ဖြစ်ပါတယ်။

Redmi 12 မှာ Helio G88 SoC မောင်းနှင်ထားမှာ ဖြစ်ပြီး 4GB/8GB RAM ပါလာမှာပါ။ 128GB/256GB Storage ထည့်သွင်းထားပြီး 1TB microSD Card စိုက်နိုင်မှာပါ။ 5,000mAh Battery တပ်ဆင်ထားမှာ ဖြစ်ပြီး USB-C Port နဲ့ 18W Charging ပါလာမှာပါ။

IP53 Rating, NFC, IR Blaster နဲ့ Bluetooth 5.3 ထည့်သွင်းထားမှာ ဖြစ်ပြီး အထူက ၈.၁၇ မီလီမီတာနဲ့ အလေးချိန်က ၁၉၈.၅ ဂရမ် ရှိပါတယ်။ အနည်းဆုံး အရောင် ၃ ရောင် ထုတ်လုပ်ထားမှာ ဖြစ်ပြီး WinFuture က ၁၉၉ ယူရိုနဲ့ ရောင်းမယ်လို့ ပြောပါတယ်။ Xiaomi ရဲ့ ပေါ်တူဂီ ဝက်ဘ်ဆိုက်မှာတော့ ၂၀၉.၉၉ ယူရို သတ်မှတ်ထားပါတယ်။ ၁၉၉ ယူရိုဟာ 4GB RAM နဲ့ 128GB Storage ပါတဲ့ အခြေခံ မော်ဒယ်ရဲ့ ဈေးနှုန်း ဖြစ်နိုင်ပါတယ်။

Ref : gsmarena