BYD Atto 3 ဟာ မေလအတွင်း နယူးဇီလန်မှာ ရောင်းအား အကောင်းဆုံး လျှပ်စစ်ကား ဖြစ်ပြီး ၂၂၃ စီး ရောင်းချနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၃ လအတွင်းမှာလည်း အဲဒီကားဟာ နယူးဇီလန်မှာ ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့ပြီး ၁,၀၂၄ စီး ရောင်းချနိုင်ခဲ့ပါတယ်။

နံပါတ် ၂ နေရာကို Tesla Model Y က ရထားပြီး ၉၆၅ စီး ရောင်းချနိုင်ခဲ့ပါတယ်။  နံပါတ် ၃ နေရာကို MG ZS EV က ၆၂၃ စီးနဲ့ နံပါတ် ၄ နေရာကို Kia EV6 က ၃၂၆ စီးနဲ့ အသီးသီး ရထားပါတယ်။ Tesla Model 3 ကတော့ ၂၈၅ စီးနဲ့ နံပါတ် ၅ နေရာကို သိမ်းပိုက်ထားပါတယ်။ အခုတော့ BYD က နယူးဇီလန်မှာ Dolphin ကို ရောင်းချပေးလိုက်ပါတယ်။

နယူးဇီလန်မှာ Dolphin မော်ဒယ် ၂ မျိုးကို ရောင်းချပေးလိုက်ပါတယ်။ 44.9 kWh Battery ပါတဲ့ Standard Range Version နဲ့ ဥရောပမှာ ရောင်းချမယ့် 60 kWh Battery ပါတဲ့  Longer Range Version တို့ ဖြစ်ပါတယ်။ Standard Range Version ဟာ ၃၄၀ ကီလိုမီတာ မောင်းနှင်နိုင်ပြီး ဈေးနှုန်းက ဒေါ်လာ ၃၀,၃၁၁ က စပါတယ်။ 60 kWh Version က ၄၂၇ ကီလိုမီတာ မောင်းနှင်နိုင်ပြီး ဒေါ်လာ ၃၃,၉၅၀ က စပါတယ်။

အဲဒီ မော်ဒယ် ၂ မျိုးဟာ နယူးဇီလန်မှာ ဈေးအချိုဆုံး လျှပ်စစ်ကား ၁၀ စီးထဲမှာ ပါလာပါတယ်။ Longer Range Version ဟာ နယူးဇီလန်က ဈေးအချိုဆုံး လျှပ်စစ်ကားတွေထဲမှာ နံပါတ် ၇ နေရာရသွားပါတယ်။ နယူးဇီလန်က ဈေးအချိုဆုံး လျှပ်စစ်ကား ၃ စီးကို တရုတ် ကုမ္ပဏီတွေက ထုတ်လုပ်ထားတာပါ။

Ref : cleantechnica