လျှပ်စစ်ကား နယ်ပယ်မှာ Battery နည်းပညာကို အပြိုင်အဆိုင် ဖန်တီးနေကြပါတယ်။ အခုတော့ BYD က ပထမဆုံး Sodium-Ion Battery စက်ရုံကို တည်ဆောက်ဖို့ စီစဉ်နေပါတယ်။

Sodium-Ion Battery ဟာ ကားတွေကို အားသွင်းဖို့ Sodium Ions ကို အသုံးပြုတဲ့ ပြန်လည်ဖြည့်တင်းနိုင်တဲ့ Battery အမျိုးအစား အသစ် ဖြစ်ပါတယ်။ Sodium ဟာ Lithium ထက် ပိုမိုပေါများတဲ့အတွက် ထုတ်လုပ်မှု ကုန်ကျစားရိတ်သက်သာစေပါတယ်။ ဒါ့အပြင် Sodium-Ion Battery တွေဟာ မီးလောင်ကျွမ်းမှု၊ ပေါက်ကွဲမှု နည်းပါးတဲ့အတွက် Lithium-Ion Battery ထက် ပိုမို ဘေးကင်းပါတယ်။

BYD & Huaihai planning Na-ion battery factory in China - electrive.com

Sodium-Ion Battery တွေဟာ လက်ပ်တော့၊ စမတ်ဖုန်းနဲ့ လျှပ်စစ်ကားတွေ အပါအဝင် Device မျိုးစုံကို အားသွင်းပေးနိုင်ပါတယ်။ အဲဒီအတွက် BYD က Sodium-Ion Battery စက်ရုံ တည်ဆောက်ဖို့ ကြိုးစားနေတာပါ။ BYD ရဲ့ စက်ရုံကို တရုတ်က Xuzhou မှာ တည်ဆောက်မှာ ဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ စတင် ထုတ်လုပ်မှာပါ။

Sodium-Ion Battery ကို ဖန်တီးနေတာ BYD ကုမ္ပဏီ ၁ ခုထဲ မဟုတ်ပါဘူး။ Volkswagen နဲ့ Geely တို့လို တခြား ကားကုမ္ပဏီတွေကလည်း Sodium-Ion Battery နည်းပညာကို ဖန်တီးနေကြပါတယ်။ ဒါပေမယ့် BYD ကတော့ Sodium-Ion Battery စက်ရုံ တည်ဆောက်မယ်လို့ အစောဆုံး ကြေညာတဲ့ ကုမ္ပဏီ ဖြစ်လာပါတယ်။

Ref : gizmochina