စမတ်ဖုန်းတွေဟာ လူငယ်ဘဝရဲ့ မရှိမဖြစ် အသုံးအဆောင် ဖြစ်လာချိန်မှာ လူငယ်တွေရဲ့ တက်ကြွတဲ့ နေထိုင်မှုပုံစံတွေနဲ့ လိုက်ဖက်တဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချပေးနေတဲ့ vivo ဟာ နောက်ထပ် Y series သစ် တစ်မျိုးကို မိတ်ဆက်ပေးတော့မှာပဲ ဖြစ်ပါတယ်။

လူငယ်တွေရဲ့လက်ထဲကို မကြာခင် ရောက်ရှိလာမဲ့ Y series သစ်ကတော့ vivo Y36 လို့ သိရပါတယ်။ ဒီဇိုင်းပိုင်းမှာ ပြောင်းလဲမှုတချို့ မြင်တွေ့ရမှာဖြစ်သလို Digital Content Creator တွေနဲ့ ဖက်ရှင်ပိုင်းဆိုင်ရာမှာ စိတ်ပါဝင်စားသူတွေနဲ့ သင့်လျော်မယ်လို့ သိရပါတယ်။

Fantasy Frame, Crystal glass ပေါင်းစပ်ထားတဲ့ ဒီဇိုင်းလို့သိရပြီး 2.5D Flat Frame ဖြစ်တယ်လို့လည်း သိရပါတယ်။ အရောင်ကတော့ Meteor Black, Vibrant Gold နှစ်မျိုး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

vivo Y36 မှာ Snapdragon 680 processor ကို အသုံးပြုထားပြီး 5,000mAh ဘက်ထရီ နဲ့ 44W FlashCharge ထောက်ပံ့ပေးထားပါတယ်။ ကင်မရာပိုင်းကတော့ 50MP main camera နဲ့ 16MP Portrait Selfie ကင်မရာတွေ တပ်ဆင်ပေးထားပါတယ်။

Source: vivo