vivo သည် ၎င်း၏ Y series မှ နောက်ဆုံးပေါ် Y36 ကို မိတ်ဆက်ခဲ့ပြီးဖြစ်သည်။ Y36 စမတ်ဖုန်းသည် Premium Crystal Glass ဖြင့်လှပသောဒီဇိုင်း၊ 44W Flash Charge၊ 5000 mAh Battery၊ 8 GB + 8 GB Extended RAM၊ 50 MP HD Main Camera ပါဝင်ပါသည်။
Y36 ဖုန်းဒီဇိုင်းသည် ရွှေရောင်လှိုင်းတွန့်သဏ္ဍန်များနှင့်အလှဆင်ဖန်တီးထားပြီး အမြင် အားဖြင့် သဘာဝဆန်ဆန်မိုးရေစက်များကိုခံစားရသကဲ့သို့အသွင်ကို Premium Crystal Glass ဖြင့် ပြုလုပ် ဖန်တီးထားပါသည်။
2.5D Flat Frame ကိုအသုံးပြုထားသည့် Y36 ၏ဘေးဘောင်ဒီဇိုင်းကလည်း ကျေနပ်ဖွယ် ရှိပြီး ကင်မရာအသုံးပြုရာတွင်လည်း Dual Ring Design ဖန်တီးပါဝင်မှုက သဘောကျစရာ အတိရှိပါသည်။ Y36 ၏ ကင်မရာတွင်နှစ်လိုဖွယ်ပါဝင်သော Fantasy Frame ကလည်းဖုန်း၏ဒီဇိုင်းကိုခြုံငုံကာ အလှပဆုံး ပံ့ပိုးထားပေးပြီး အမှတ်တရများကို မှတ်တမ်းတင်သည့်အခါ ရွှန်းစိုသော အရောင်များဖြင့် လှပစွာသိမ်းဆည်း ပေးနိုင်ပါသည်။
Traditional AG Glass အစား Fluorite AG Glass အသုံးပြု ထားခြင်းကြောင့် ပွန်းရာ ခြစ်ရာနှင့် လက်ရာထင်မှုများကနေလည်း ကာကွယ်ပေးနိုင်ပါသည်။ Crystal အသွင်မျက်နှာပြင်က Y36 ကို လှပ ကျက်သရေရှိသော အသွင်ဖန်တီးပေးလျက် ရှိပါသည်။
vivo Y36 ၏လှပသောဒီဇိုင်းအသွင်အပြင်ကို ကောင်းမွန်ပြည့်စုံသော စွမ်းဆောင်ရည်ကလည်း ပြည့်စုံအောင် မွန်းမံပေးပါသည်။ ယနေ့ခေတ်၏အဓိကလိုအပ်ချက်ဖြစ်သော ဘက်ထရီစွမ်းရည်ကို အကောင်းမွန်ဆုံး ဖြစ်စေ ရန် 44W FlashCharge နှင့် 5000mAh battery ကိုထည့်သွင်းထားပါသည်။ စွမ်းဆောင်ရည်ပိုင်း တွင်လည်း စိတ်ချယုံကြည်လောက်စေသည့် Qualcomm Snapdragon 680 Mobile Platform ကိုအသုံးပြုထားပါသည်။
vivo Y36 တွင် RAM 8 GB နှင့် ROM 128 GB ကို ထပ်မံ၍ 8 GB Extended RAM ပါဝင်သည့် အတွက်ကြောင့် Application များတစ်ပြိုင်တည်းအသုံးပြုခြင်း၊ ဖွင့်ထားခြင်းတို့အတွက် ကျေနပ်လောက်ဖွယ် ပေါ့ပါးသွက်လက်မှုကိုခံစားသိရှိရမည်ဖြစ်သည်။ vivo Y36 သည် စတိုင်လ်လည်းလှပြီး လုပ်ဆောင်နိုင်စွမ်း ရှိသော ဖုန်းကိုကြိုက်နှစ်သက်သူတို့အတွက် အဖော်ကောင်းပင်ဖြစ်သည်။
vivo Y36 တွင် high-resolution 50MP HD Main Camera ပါဝင်ပြီး နေ့ဘက်သာမက ညဘက်အလှဓာတ်ပုံများရိုက်ကူးရာတွင်လည်း ကြည်လင်ပြတ်သားစွာရိုက်ကူးနိုင်မည်ဖြစ်သည်။ ၎င်းကင်မရာ တပ်ဆင်မှုကြောင့် အသုံးပြုသူများအနေနှင့် တန်ဖိုးရှိသောအခိုက်အတန့်များကို တိကျပြတ်သားစွာ ဖမ်းယူ သိမ်းဆည်းနိုင်မည်ဖြစ်ပါသည်။
Selfie ရိုက်ကူးခြင်းကိုသဘောကျနှစ်သက်သူများအတွက်လည်း Y36 တွင် 16MP HD Front Portrait Camera နှင့် Multi-Style Portrait, Portrait Mode နှင့် Aura Screen Light တို့ ပါရိုက်ကူးနိုင်ပြီဖြစ်ပါသည်။
ထိုပြည့်စုံသောအချက်များက ဆယ်လ်ဖီပုံများကို ကြည်လင်ပြတ်သားပြီး ရွှန်းစိုသောအရောင်ထွက်များအပြင် ပတ်ဝန်းကျင်ရှိအလင်းရောင်များကိုပါဖမ်းယူပေးနိုင်မည်ဖြစ်ပါသည်။ ထပ်ပေါင်း၍ Y36 တွင် Double Exposure ကိုမိတ်ဆက်ထည့်သွင်းထားပြီး ပုံနှစ်ခုကိုတစ်ပုံအဖြစ် ပေါင်းစည်းကာ အသုံးပြုသူ၏ ဖန်တီးမှုပိုင်းကိုအားပေးမြှင့်တင်ပေးနိုင်ပါသည်။
Y36 သည် ဖန်တီးမှုအပိုင်းနှင့် နည်းပညာပိုင်းကိုပေါင်းစည်းကာ အသုံးပြုသူတို့အတွက်ထူးခြားသော အမြင်အာရုံနှင့် အမှတ်ရဖွယ်ပုံရိပ်များကို ဖန်တီးနိုင်မည်ဖြစ်သည်။
Y36 သည်ရင်ခုန်စိတ်ကျေနပ်စရာ Meteor Black နှင့် Vibrant Gold အရောင်နှစ်မျိုးရှိပြီး မြန်မာနိုင်ငံတွင် ဇွန်လ ၂၅ ရက်နေ့တွင်စတင်မိတ်ဆက်ခဲ့ပြီးဖြစ်ပါသည်။
စတင်ရောင်းချသည့်နေ့မှာ ဇူလိုင်လ ၁ ရက်နေ့က ဖြစ်ပြီး ထူးခြားအံ့အားသင့်ဖွယ်အင်္ဂါရပ်များပါဝင်သည့် Y36 ကိုစျေးနှုန်း ၆၆၉,၈၀၀ ကျပ်ဖြင့် ရောင်းချလျက် ရှိပါသည်။ ပထမဦးဆုံးဝယ်ယူသူများအတွက်လည်း vivo Travel Bag လက်ဆောင်အဖြစ် ပေးသွားမည်လည်း ဖြစ်ပါသည်။
Source: vivo Media release