Honor က တတိယမျိုးဆက် Foldable ဖုန်း အဖြစ် Magic V2 ကို ကြေညာလိုက်ပါတယ်။ ခေါက်ချိုးထားရင် အထူက ၉.၉ မီလီမီတာ(ဖြန့်ထားရင် ၄.၇ မီလီမီတာ)နဲ့ အလေးချိန်က ၂၃၁ ဂရမ်ပဲ ရှိတဲ့အတွက် ဒီဇိုင်း တော်တော်မိုက်ပါတယ်။
လက်ရှိအချိန်အထိ အပါးလွှာဆုံး Foldable ဖုန်းက Xiaomi Mix Fold 2 ဖြစ်ပြီး ခေါက်ချိုးထားရင် ၁၁.၂ မီလီမီတာ အထူ ရှိကာ အလေးချိန်က ၂၆၂ ဂရမ် ရှိပါတယ်။
Magic V2 ရဲ့ ဒီဇိုင်း အပိုင်းမှာ နောက်ထပ် ကောင်းမွန်မှုက Honor ဖန်တီးထားတဲ့ 3D နဲ့ ပရင့်ထုတ်ထားတဲ့ တိုက်တေနီယမ် Alloy Cover ကို သုံးထားတဲ့ Hinge ဖြစ်ပါတယ်။ Honor က ဖုန်း အတွင်းဘက် အစိတ်အပိုင်းအားလုံးကို P2i Coating နဲ့ ကာကွယ်ထားတဲ့အတွက် ရေစက်ရေပေါက်တွေကို ခံနိုင်တယ်လို့ ပြောပါတယ်။
Magic V2 မှာ 7.92” LTPO OLED ပင်မ မျက်နှာပြင် တပ်ဆင်ထားပြီး 2156x2344p Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ HDR 10+ ပါပြီး Auto Mode မှာ 1,600 nits Brightness ထုတ်လုပ်ပေးပါတယ်။ Animation တွေ ချောမွတ်စေဖို့ 3,840Hz High-frequency PWM Dimming ထည့်ထားပါတယ်။ ပင်မ မျက်နှာပြင်မှာ 16MP အရှေ့ ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပြီး Stylus နဲ့ သုံးနိုင်ပါတယ်။
Cover မျက်နှာပြင်က 6.43” 10-bit OLED ဖြစ်ပြီး 2376x1060p Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ ပင်မ မျက်နှာပြင်နဲ့ တူညီတဲ့ High-frequency PWM Dimming ထည့်ထားပြီး Auto Mode မှာ 2,500 nits Brightness ထောက်ပံ့ထားပါတယ်။ Cover မျက်နှာပြင်မှာလည်း Stylus နဲ့ သုံးနိုင်တာက ထူးခြားပါတယ်။
Snapdragon 8 Gen 2 Chipset မောင်းနှင်ထားပြီး အနောက်ဘက်မှာ 50MP Main (OIS), 50MP Ultrawide နဲ့ 20MP Telephoto (2.5x Optical Zoom, OIS) ကင်မရာတွေ တပ်ဆင်ထားပါတယ်။ Android 13 အခြေပြု MagicOS 7.2 မောင်းနှင်ထားပြီး 66W Wired Charging ပါတဲ့ 5,000mAh Battery ပါပါတယ်။
Black, Silk Black, Silk Purple နဲ့ Gold အရောင်တွေ ထုတ်လုပ်ထားပြီး ဈေးနှုန်းတွေကို အောက်မှာ လေ့လာနိုင်ပါတယ်။
တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီလ ၂၀ ရက်နေ့ ရောင်းမှာပါ။ နိုင်ငံတကာမှာ ရောင်းမယ့်သတင်းကို မသိရသေးပါဘူး။
Ref : gsmarena