Redmi K60 Series ကို Xiaomi ရဲ့ တရုတ် ဝက်ဘ်ဆိုက်မှာ စာရင်းတင်ထားတာ မတွေ့ရတော့ပါဘူး။ JD.com မှာ K60 လို့ ရှာကြည့်တဲ့အခါ K60 Pro ကို မရောင်းတော့ပါဘူး။ Xiaomi ဟာ တရုတ် K60 Series မရောင်းတော့ဘဲ K60 Ultra ကို ရောင်းဖို့ ပြင်ဆင်နေပုံရပါတယ်။

Redmi K60 Ultra tipped to feature Dimensity 9200 and 100W charging - GSMArena.com news

Xiaomi ဟာ တရုတ်မှာ နောက်လအတွင်း Mix Fold 3, Pad 6 Max Tablet , Redmi Pad 2 Tablet နဲ့ Redmi K60 Ultra ကို ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။

ပေါက်ကြားသတင်းအရ Redmi K60 Ultra မှာ 6.7” OLED 1.5K မျက်နှာပြင်နဲ့ 144Hz Refresh Rate ပါလာနိုင်ပြီး Dimensity 9200 Plus Chipset မောင်းနှင်ထားနိုင်ပါတယ်။ 12GB or 16GB LPDDR5x RAM ၂ မျိုးနဲ့ 512GB or 1TB UFS 4.0 Storage ၂ မျိုးထုတ်လုပ်ထားနိုင်ပါတယ်။

Redmi K60 Ultra design-

K60 Ultra မှာ Android 13 အခြေပြု MIUI 14 မောင်းနှင်ထားနိုင်ပြီး 120W Fast Charging ထောက်ပံ့တဲ့ 5,000mAh or 5,500mAh Battery ပါလာနိုင်ပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားနိုင်ပါတယ်။ 12GB RAM+512GB Storage နဲ့ 16GB RAM+1TB Storage Version ၂ မျိုးထုတ်လုပ်ထားနိုင်ပြီး Black နဲ့ Cyan ၂ ရောင် ပါလာနိုင်ပါတယ်။

Ref : gizmochina