Redmi K60 Ultra မှာ Dimensity 9200+ ပါမယ်လို့ ပြီးခဲ့တဲ့ရက်အနည်းငယ်က သတင်းထွက်ခဲ့ပါတယ်။ အခုတော့ Xiaomi က ဒီသတင်းကို အတည်ပြုလိုက်ပြီး AnTuTu ရမှတ်ကိုပါ ဖော်ပြလိုက်ပါတယ်။

K60 Ultra ကို နိုင်ငံတကာမှာ Xiaomi 13T Pro အမည်နဲ့ ရောင်းချနိုင်ပြီး MediaTek ရဲ့ 9200+ Chip ထည့်သွင်းထားမှာပါ။ အဲဒီဖုန်းဟာ AnTuTu မှာ ၁,၇၇၄,၇၁၄ မှတ်ရထားပါတယ်။ Dimensity 9200+ ဟာ Snapdragon 8 Gen 2 Chip ကို ယှဉ်ပြိုင်မှာပါ။

Xiaomi ဟာ တရုတ်မှာ နောက်လအတွင်း Mix Fold 3, Pad 6 Max Tablet , Redmi Pad 2 Tablet နဲ့ Redmi K60 Ultra ကို ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။

ပေါက်ကြားသတင်းအရ Redmi K60 Ultra မှာ 6.7” OLED 1.5K မျက်နှာပြင်နဲ့ 144Hz Refresh Rate ပါလာနိုင်ပြီး Dimensity 9200 Plus Chipset မောင်းနှင်ထားနိုင်ပါတယ်။ 12GB or 16GB LPDDR5x RAM ၂ မျိုးနဲ့ 512GB or 1TB UFS 4.0 Storage ၂ မျိုးထုတ်လုပ်ထားနိုင်ပါတယ်။

K60 Ultra မှာ Android 13 အခြေပြု MIUI 14 မောင်းနှင်ထားနိုင်ပြီး 120W Fast Charging ထောက်ပံ့တဲ့ 5,000mAh or 5,500mAh Battery ပါလာနိုင်ပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားနိုင်ပါတယ်။ 12GB RAM+512GB Storage နဲ့ 16GB RAM+1TB Storage Version ၂ မျိုးထုတ်လုပ်ထားနိုင်ပြီး Black နဲ့ Cyan ၂ ရောင် ပါလာနိုင်ပါတယ်။

Ref : gsmarena