Xiaomi Pad 6 Max ဟာ Geekbench ကို ရောက်လာပြီ ဖြစ်ပြီး အဓိက Specs တွေကို သိလာရပါပြီ။ Geekbench မှာ Xiaomi Pad 6 Max ရဲ့ မော်ဒယ်နံပါတ်က 2307BRPDCC ဖြစ်ပြီး 3.19GHz Octa-core Processor ပါလာမှာ ဖြစ်ကာ လျှို့ဝှက်အမည်က Taro ဖြစ်ပါတယ်။ အဲဒီအတွက် Xiaomi Pad 6 Pro မှာ သုံးထားတဲ့ Snapdragon 8+ Gen 1 SoC ကို ထည့်သွင်းထားမှာပါ။
Xiaomi Pad 6 Max မှာ အမြင့်ဆုံး 12GB RAM ပါလာမှာ ဖြစ်ပြီး Android 13 အခြေပြု MIUI 14 OS မောင်းနှင်ထားမှာပါ။ Geekbench က စမ်းသပ်ချက်မှာ Single-core မှာ ၁၇၅၂ မှတ်နဲ့ Multi-core မှာ ၄၆၁၈ မှတ်ရထားပါတယ်။ Geekbench မှာ တခြား သတင်းအချက်အလက်တွေကို မဖော်ပြထားပါဘူး။ Pad 6 Max ဟာ Pad 6 Pro နဲ့ များစွာ တူညီမယ်လို့ သတင်းထွက်နေပြီး ပိုကြီးတဲ့ မျက်နှာပြင် ပါလာမှာပါ။
ပေါက်ကြားသတင်းတွေအရ Xiaomi Pad 6 Max မှာ 14” LCD မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး 2.8K Resolution နဲ့ 144Hz Refresh Rate ထောက်ပံ့ထားမှာပါ။ 67W Fast Charging ထည့်ထားမှာ ဖြစ်ပြီး အရွယ်အစားပိုကြီးတဲ့အတွက် ပိုကြီးတဲ့ ဘက်ထရီ ပါလာနိုင်ပါတယ်။
ကင်မရာ အနေနဲ့ 50MP Main နဲ့ 2MP Depth ကင်မရာတွေ အသုံးပြုထားနိုင်ပြီး အရှေ့ ကင်မရာက 20MP ဖြစ်နိုင်ပါတယ်။
Ref : gizmochina