ဆိုးရွားစွာ လေဖြတ်နေတဲ့ အမျိုးသမီး ၁ ယောက်ဟာ သူမရဲ့ ဦးနှောက် လှိုင်းတွေကို စကားနဲ့ မျက်နှာ အမူအယာတွေ အဖြစ် ပြောင်းလဲပေးနိုင်တဲ့ နည်းပညာကို အသုံးပြုကာ ဒစ်ဂျစ်တယ် Avatar ကနေ စကားပြောနိုင်ခဲ့ပါတယ်။

အဲဒီအတွက် Brain-computer-interface (BCIs) ဟာ လေဖြတ်တာလို အခြေအနေတွေကြောင့် စကား မပြောနိုင်တဲ့ လူတွေအတွက် အသုံးဝင်လာတော့မှာပါ။

လက်ရှိမှာတော့ အဲဒီ လူနာတွေဟာ မျက်လုံးကို သုံးကာ စကားလုံးတွေကို ရွေးချယ်တာ၊ မျက်နှာအမူအယာ အနည်းငယ်လုပ်ပြတာတို့ကနေ စကားပြောနိုင်တဲ့ နှေးကွေးတဲ့ Speech Synthesisers တွေကို အသုံးပြုနေကြရပါတယ်။ အဲဒီအတွက် လူတွေ စကားပြောသလို မြန်ဆန်ခြင်း မရှိပါဘူး။

Paralysed woman able to 'speak' through digital avatar in world first | Neuroscience | The Guardian

အခုနောက်ဆုံး နည်းပညာမှာ စကားပြောတာနဲ့ မျက်နှာအမူအယာတွေကို ထိန်းချုပ်တဲ့ ဦးနှောက် အစိတ်အပိုင်းက လျှပ်စစ်လှိုင်းတွေကို အာရုံခံဖို့ ဦးနှောက်ရဲ့ မျက်နှာပြင်အထက်မှာ သေးငယ်တဲ့ Electrodes ကို ထည့်သွင်းထားရပါတယ်။ အဲဒီလှိုင်းတွေကို ပြုံးတာ၊ အံ့ဩတာ အပါအဝင် မျက်နှာအမူအယာတွေ အဖြစ် ပြောင်းလဲပေးကာ ဒစ်ဂျစ်တယ် Avatar က စကားပြောပြတာပါ။

အခု စီမံကိန်းကို ဦးဆောင်တဲ့ ကယ်လီဖိုးနီးယား တက္ကသိုလ်က ပါမောက္ခ Edward Chang က “ ကျွန်တော်တို့ ရည်မှန်းချက်က စကားမပြောနိုင်တဲ့ လူတွေ တခြားလူတွေနဲ့ သဘာဝအတိုင်း စကားပြောနိုင်ဖို့ ဖြစ်ပါတယ်။ အခု အောင်မြင်မှုကြောင့် စကားမပြောနိုင်တဲ့ လူနာတွေဟာ စကားပြန်လည်ပြောနိုင်ဖို့ နီးစပ်လာပါပြီ။”လို့ ပြောပါတယ်။

Ref : theguardian