AnTuTu က ၂၀၂၃ ခုနှစ် ဩဂုတ်လအတွက် စွမ်းရည်အမြင့်ဆုံး စွမ်းရည်သင့် ဖုန်း ၁၀ လုံး စာရင်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။

Redmi Note 12 Turbo ကို မတ်လမှာ ကြေညာခဲ့ပေမယ့် ဩဂုတ်လအထိ AnTuTu ရဲ့ စွမ်းရည် အမြင့်ဆုံး စွမ်းရည်သင့်ဖုန်း စာရင်းမှာ ဦးဆောင်နေပါတယ်။ ၁,၁၄၈,၃၇၆ မှတ်ရထားပြီး နံပါတ် ၂ နေရာက realme GT Neo 5 SE ရဲ့ ၁,၁၄၆,၆၀၇ မှတ်ထက် ပိုများနေပါတယ်။ အဲဒီဖုန်း ၂ လုံးစလုံးမှာ Snapdragon 7+ Gen 2 SoC ထည့်သွင်းထားပါတယ်။

AnTuTu top 10 mid-range Performance Scores August 2023

Redmi Note 12 Turbo ကို ၂၅၀ ဒေါ်လာ၊ realme GT Neo 5 SE ကို ၂၉၀ ဒေါ်လာနဲ့ ရောင်းချပေးထားပါတယ်။ Xiaomi ဟာ Redmi Note 12 Turbo ကို တရုတ် ပြင်ပမှာ Poco F5 အမည်နဲ့ ရောင်းချထားပါတယ်။

နံပါတ် ၃ နေရာမှာ Dimensity 8200 ပါတဲ့ iQOO Neo 7 SE ရှိနေပြီး နံပါတ် ၄ နေရာကို vivo S17 Pro က သိမ်းပိုက်ထားပါတယ်။

Redmi Note 12 Turbo

အဲဒီ စာရင်းမှာ ပါတဲ့ တခြား ဖုန်းတွေက OPPO Reno 10 Pro , Redmi Note 12T Pro, Redmi K60E, Xiaomi Civi 3 , OnePlus Ace Racing နဲ့ OnePlus Ace တို့ ဖြစ်ကြပါတယ်။ အဲဒီဖုန်းအားလုံးမှာ Dimensity 8200 နဲ့ 8100 Series Chipset တွေကို ထည့်သွင်းထားကြပါတယ်။

လက်ရှိမှာတော့ Snapdragon 7+ Gen 2 Chipset ပါတဲ့ စမတ်ဖုန်းတွေဟာ MediaTek Dimensity Processor ပါတဲ့ စမတ်ဖုန်းတွေထက် စွမ်းရည် ပိုကောင်းနေတာကို တွေ့ရပါတယ်။

Ref : gizmochina