Huawei က Mate X5 Foldable ဖုန်းကို ကြေညာလိုက်ပြီး 6.4” OLED LTPO အပြင်ဘက် မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 2504x1080p Resolution ရှိပြီး 300Hz Touch Sampling Rate အထိ ထောက်ပံ့ထားကာ Kunlun Glass နဲ့ ကာကွယ်ထားပါတယ်။

အတွင်းဘက်မှာ 7.85” Foldable OLED LTPO မျက်နှာပြင် တပ်ဆင်ထားပြီး 2496x2224p Resolution ရှိပါတယ်။ 1Hz-120Hz Refresh Rate ထောက်ပံ့ထားပြီး 1440Hz High-frequency Dimming ပါပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။

Huawei Mate X5

Huawei Mate X5 မှာ ထည့်ထားတဲ့ Chipset ကို မသိရသေးပေမယ့် Kirin 9000s ဖြစ်နိုင်ပါတယ်။ 5G ဆက်သွယ်ရေးကို ထောက်ပံ့သလားဆိုတာလည်း မသိရသေးပါဘး။ 16GB RAM နဲ့ 512GB Storage ထည့်သွင်းထားပါတယ်။

အရှေ့ဘက်မှာ 8MP ကင်မရာနဲ့ အနောက်ဘက်မှာ 50MP Main, 13MP Ultra-wide , 12MP Periscope Telephoto ကင်မရာတွေ တပ်ဆင်ထားပါတယ်။ Mate 60 Series လိုပဲ Harmony OS 4.0 မောင်းနှင်ထားပါတယ်။

Huawei Mate X5 With 7.85-Inch Main Display, 50-Megapixel Triple Rear Camera Launched: All Details | Technology News

66W Wired Charging နဲ့ 50W Wireless Charging ထောက်ပံ့တဲ့ 5,060mAh Battery တပ်ဆင်ထားပါတယ်။ ဂြိုလ်တု ဆက်သွယ်ရေး ပါလာပြီး IPX8 ရေစိုခံ စံနှုန်း ထည့်သွင်းထားပါတယ်။

Huawei Mate X5 အတွက် 12GB RAM+512GB Storage နဲ့ 16GB RAM+512GB Storage ထုတ်လုပ်ထားပြီး Feather Black, Feather White, Feather Gold, Green Mountain Dai နဲ့ Phantom Purple အရောင်တွေ ထုတ်လုပ်ထားပါတယ်။ Huawei က Mate X5 ရဲ့ ရောင်းဈေးကို မပြောသေးပါဘူး။

Ref : gizmochina