နာမည်ကြီး Tipster Digital Chat Station က နောက်ထွက်မယ့် Redmi Note 13 Series ရဲ့ သတင်းအချက်အလက် တချို့ကို မျှဝေလိုက်ပါတယ်။ Note 13 Series ကို တရုတ်မှာ အောက်တိုဘာလထဲ ကြေညာနိုင်ပါတယ်။

Alleged Redmi Note 13 Pro leaked schematic

DCS က စွမ်းရည်နိမ့် မော်ဒယ် ၂ လုံးမှာ 67W Fast Charging နဲ့ 5120mAh Battery ပါမယ်လို့ ပြောပါတယ်။ အဲဒီ မော်ဒယ်တွေရဲ့ အမည် အတိအကျကိုတော့ သူက မပြောပေမယ့် Redmi Note 13 Pro နဲ့ ပတ်သက်နိုင်ပါတယ်။

သူက စွမ်းရည်မြင့် မော်ဒယ် ၁ လုံးမှာ 120W Fast Charging ပါလာမယ်လို့ ပြောပါတယ်။ အဲဒီဖုန်းမှာ 5000mAh Battery ပါလာနိုင်ပါတယ်။ အဲဒီဖုန်းဟာ Redmi Note 13 Pro+ ဖြစ်နိုင်ပါတယ်။

Redmi Note 13 Series Availability, Specifications Leaked; Tipped to Launch  in Four Variants | Technology News

ဒါ့အပြင် Redmi Note 13 Series မော်ဒယ် အားလုံးမှာ 1.5K Resolution ထောက်ပံ့တဲ့ မျက်လုံး ကာကွယ်တဲ့ စံနှုန်း ပါတဲ့ မျက်နှာပြင်တွေ တပ်ဆင်ထားနိုင်ပါတယ်။ အဲဒီ ဖုန်းတွေမှာ 200MP Main  ကင်မရာ ထည့်သွင်းထားနိုင်ပါတယ်။

TENAA ရဲ့ စာရင်းအရ Redmi Note 13 Pro မှာ Snapdragon 7 Gen 1 Chip ၊ Note 13 Pro+ မှာ Dimensity 7200 Chip မောင်းနှင်ထားနိုင်ပါတယ်။ အဲဒီဖုန်းတွေရဲ့ RAM/ Storage ပမာဏတွေက ကွဲပြားမှာပါ။ မော်ဒယ်အားလုံးမှာ 16MP အရှေ့ ကင်မရာ၊ 200MP+8MP+2MP အနောက်ကင်မရာတွေ တပ်ဆင်ထားနိုင်ပါတယ်။ 6.67” AMOLED မျက်နှာပြင်ကွေး၊ 120Hz Refresh Rate နဲ့ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာတွေ ပါလာနိုင်ပါတယ်။

Ref : gizmochina