Redmi က နောက်တစ်ပတ် တရုတ်မှာ Note 13 Series ကို ကြေညာမယ်လို့ အတည်ပြုထားပြီးပါပြီ။ Redmi Note 13 Series မှာ Standard, Pro , Pro+ တွေ ပါလာနိုင်ပါတယ်။ အခုတော့ Redmi က Note 13 Series ရဲ့ ကင်မရာ သတင်းအချက်အလက်တွေနဲ့ Pro+ ရဲ့ Processor ကို အသိပေးလိုက်ပါတယ်။

Redmi Note 13 Pro+ မှာ 200MP Samsung HP3 1/1.4-inch ကင်မရာ တပ်ဆင်ထားမှာပါ။ အခြေအနေကို လိုက်ပြီး ISO Output ကို အလိုလို ချိန်ညှိပေးနိုင်တဲ့ Smart ISO Pro လုပ်ဆောင်ချက် ထည့်သွင်းထားမှာပါ။ တုန်ခါမှု မရှိတဲ့ ဗီဒီယိုတွေ ရိုက်ကူးနိုင်တဲ့ OIS နဲ့ EIS လည်း ပါလာမှာပါ။

Redmi Note 13 teaser

နောက်ထပ် Teaser ၁ ခုမှာ Redmi Note 13 Pro Series မှာ 4x Optical Lossless Zoom ပါလာမှာ ဖြစ်ပြီး ၁.၃ စက္ကန့်အတွင်း ဓါတ်ပုံတွေကို လျှင်မြန်စွာ ရိုက်ကူးပေးနိုင်မယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် အဲဒီလုပ်ဆောင်ချက်တွေဟာ Standard နဲ့ Pro Version တွေမှာ ပါလာမလားဆိုတာ မသိရသေးပါဘူး။

Redmi Note 13 Pro+ မှာ Dimensity 7200 Ultra Processor မောင်းနှင်ထားမယ်လို့ အတည်ပြုထားပါတယ်။

အရင်က Teaser တွေအရ Redmi Note 13 Series မှာ Xiaomi 13 လို ကင်မရာ Module ပါလာမှာ ဖြစ်ပြီး Pro+ မှာ စတုရန်း Island ကို မသုံးထားပါဘူး။ Pro+ မှာ မျက်နှာပြင်ကွေး တပ်ဆင်ထားမှာ ဖြစ်ပြီး အနောက်ဘက်ကို သားရေနဲ့ ဖုံးအုပ်ထားမှာပါ။ Redmi Note 13 Pro နဲ့ Pro+ မှာ 1.5K AMOLED မျက်နှာပြင်နဲ့ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါလာမှာပါ။

Ref : gizmochina