OPPO က A18 ကို အိန္ဒိယမှာ ကြေညာလိုက်ပြီး တန်ဖိုးနည်း စွမ်းရည်နိမ့် စမတ်ဖုန်း ဖြစ်ပါတယ်။ 4G စမတ်ဖုန်း ဖြစ်ပြီး OPPO A58 ရဲ့ တန်ဖိုးနည်း မော်ဒယ်လို့ ပြောနိုင်ပါတယ်။ အဲဒီ စမတ်ဖုန်း ၂ လုံးဟာ ဒီဇိုင်းနဲ့ Chipset တူညီကြပါတယ်။
ဒါပေမယ့် OPPO A18 မှာ ပိုသေးတဲ့ မျက်နှာပြင်၊ ပိုနိမ့်တဲ့ Megapixel ကင်မရာနဲ့ ပိုနှေးတဲ့ အားသွင်းနှုန်း ပါလာပါတယ်။
OPPO A18 မှာ ပလတ်စတစ် ကိုယ်ထည်ကို အသုံးပြုထားပြီး 6.56” LCD 1612x720p HD+ မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 90Hz Refresh Rate ၊ 720 Nits Peak Brightness ထည့်သွင်းထားပြီး အရွယ်သေး Notch ပါလာပါတယ်။
MediaTek Helio G85 SoC မောင်းနှင်ထားပြီး LPDDR4x RAM နဲ့ eMMC 5.1 Storage ပါပါတယ်။ Android 13 အခြေပြု ColorOS 13.1 ထည့်သွင်းထားပါတယ်။
ကင်မရာ အကြောင်းပြောရရင် အနောက်ဘက်မှာ 8MP Main နဲ့ 2MP Depth ၂ လုံး တပ်ဆင်ထားပြီး အရှေ့ဘက်မှာ 5MP ထည့်ထားပါတယ်။
microSD Card Slot ၊ နားကြပ်ပေါက်၊ ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ USB Type-C Port ထည့်သွင်းထားပါတယ်။ ဆက်သွယ်မှု အပိုင်းမှာ Dual SIM ၊ 5G ၊ Dual Band WiFi ၊ Bluetooth 5.3 နဲ့ GNSS ပါပါတယ်။ IP54 စံနှုန်း ပါလာပြီး 5,000mAh Battery ထည့်သွင်းထားပါတယ်။
OPPO A18 အတွက် 4GB+64GB Version ၁ မျိုးထဲ ထုတ်လုပ်ထားပြီး ၁၂၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Glowing Black နဲ့ Glowing Blue ၂ ရောင် ထုတ်လုပ်ထားပါတယ်။
Ref : gizmochina