Xiaomi CEO Lei Jun က HyperOS ကို ကြေညာလိုက်ပါတယ်။ အဲဒီ Operating System အသစ်ကို Xiaomi 14 Series မှာ ပထမဆုံး ထည့်သွင်းထားမှာ ဖြစ်ပြီး MIUI ကို ဆန်းသစ်ထားတာ ဖြစ်ပါတယ်။ Xiaomi 14 Series ကို တရုတ်မှာ ဒီနှစ်နှောင်းပိုင်း ရောင်းချမှာ ဖြစ်ပြီး ၂၀၂၄ ခုနှစ် အစောပိုင်းမှာ နိုင်ငံတကာမှာ ရောင်းချနိုင်ပါတယ်။
HyperOS ဟာ Android Open Source Project ဖြစ်ပြီး Xiaomi ရဲ့ IoT ပလက်ဖောင်း ဖြစ်တဲ့ Vela နဲ့ ပေါင်းစပ်ထားပါတယ်။
Lei Jun က HyperOS ဟာ Ecosystem ကို အဓိကထား ဖန်တီးထားတာ ဖြစ်ပြီး လူတွေ၊ ကားနဲ့ နေအိမ်တွေနဲ့ ဆက်သွယ်နိုင်မှာပါလို့ ပြောပါတယ်။ သူ့ရဲ့ အဖွဲ့ဟာ အင်ဂျင်နီယာ အနည်းငယ်နဲ့ စတင်ခဲ့တာ ဖြစ်ပြီး အခုတော့ Software ပညာရှင် ၅,၀၀၀ နီးပါး အထိ ရှိလာပါပြီ။
MIUI ကို ၂၀၁၀ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့မှာ စတင် ဖြန့်ချိခဲ့တာ ဖြစ်ပြီး အခုဆိုရင် သုံးစွဲသူ ၁ ဘီလီယမ်ကျော် ရှိလာပါပြီ။
Xiaomi ဟာ IoT ဖွံ့ဖြိုးလာတဲ့ ၂၀၁၄ ခုနှစ်မှာ HyperOS အတွက် စတင် ပြင်ဆင်ခဲ့ပါတယ်။ ကုမ္ပဏီဟာ ၂၀၁၇ ခုနှစ်မှာ ပထမဆုံး ခြေလှမ်းကို အကောင်အထည် ဖော်ခဲ့ပြီး အဲဒီနောက်မှာ Device နဲ့ Application တွေအတွက် Ecosystem အသစ်ကို ဖန်တီးခဲ့ပါတယ်။ ရည်ရွယ်ချက်က အနာဂတ်မှာ Device ဘီလီယမ်ပေါင်းများစွာကို ဆက်သွယ်ဖို့ ဖြစ်ပြီး ပထမဆုံး ခြေလှမ်းက Xiaomi 14 Series ဖြစ်ပါတယ်။
အနာဂတ် Xiaomi ဖုန်းတွေမှာ HyperOS ကို ထည့်သွင်းထားမယ်လို့ မျှော်လင့်ရပြီး စွမ်းရည်မြင့် ဖုန်း အဟောင်းတွေမှာ OTA Update နဲ့ ထည့်သွင်းပေးနိုင်ပါတယ်။
Ref : gsmarena