ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်က Samsung ဟာ Galaxy S24, S24+ နဲ့ S24 Ultra ရဲ့ မျက်နှာပြင်တွေကို နီးစပ်အောင်ပြုလုပ်ထားမယ်လို့ သိရပါတယ်။ Samsung ဟာ မော်ဒယ် ၃ ခုစလုံးမှာ နောက်ဆုံးနဲ့ အကောင်းဆုံး နည်းပညာတွေကို ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အရင်နှစ်တွေကတော့ Ultra မှာပဲ ထည့်ပေးထားတာပါ။

Samsung Galaxy S24 series display leak: Expected to get enhanced LTPO AMOLED display | Mint

X (Twitter) က သတင်းအရ မော်ဒယ် ၃ ခုစလုံးမှာ LTPO , M13 မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 2,500 Nits Brightness ထောက်ပံ့ထားမှာပါ။ အရင်ကတော့ Ultra မော်ဒယ်တွေမှာပဲ LTPO Panel တွေ ထည့်ထားတာ ဖြစ်ပြီး Brightness ပိုမြင့်ကြပါတယ်။

Samsung Galaxy S24 rumors: Expected release date and feature wishlist

နောက်မျိုးဆက် Galaxy S Series ထဲမှာ ၁ ခုထဲသော ကွဲပြားချက်က Galaxy S24 ရဲ့ မျက်နှာပြင် Resolution နဲ့ အရွယ်အစား ဖြစ်ပါတယ်။

Variable Refresh Rate ဟာ Non-Ultra မော်ဒယ်တွေမှာလည်း ပါလာမှာပါ။ ဒါပေမယ့် 2,500 Nits Peak Brightness ဟာ HDR-compatible Content ကို ကြည့်တဲ့အခါ Brightness ကို မြှင့်တင်ပေးတဲ့ Panel ရဲ့ စွမ်းရည်ကို ရည်ရွယ်တာပါ။ အဲဒီ ပမာဏဟာ တော်တော် အထင်ကြီးစရာ ကောင်းပါတယ်။

Galaxy S24 နဲ့ S24+ ကို S24 Ultra ရဲ့ စွမ်းရည်တွေ ထည့်သွင်းပေးထားတာ ကြိုဆိုရမှာပါ။ Galaxy S24 Series မှာ Samsung ရဲ့ နောက်ဆုံးပေါ် နည်းပညာတွေ ထည့်သွင်းပေးထားမှာ သေချာပါတယ်။

Ref : gsmarena