Apple က ဒီလကုန်မှာ ထုတ်ကုန် မိတ်ဆက်ပွဲ ၁ ခု ကျင်းပမှာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက ပေါက်ကြားသတင်းတွေအရ Macs အသစ်တွေကို ကြေညာနိုင်ပါတယ်။ Apple ဟာ Wonderlust Event မှာ iPhone  15 Series နဲ့ Apple Watch Series 9 ကို ကြေညာခဲ့ပြီးပါပြီ။

Apple announces 'Scary Fast' event for October 30: Here's what to expect

Apple က Halloween မတိုင်ခင် ကျင်းပမယ့် ထုတ်ကုန် မိတ်ဆက်ပွဲကို “Scary Fast” လို့ အမည်ပေးထားပြီး ဒီလ ၃၀ ရက်နေ့ ကျင်းပမှာဖြစ်ပါတယ်။ အဲဒီပွဲကို ဧည့်သည်တွေ တက်ရောက်လို့ မရဘဲ Apple ရဲ့ ဝက်ဘ်ဆိုက်နဲ့ တရားဝင် YouTube Channel ကနေ တိုက်ရိုက် ပြသမှာ ဖြစ်ပါတယ်။

Apple announces ''Scary fast'' event for October 30, new Macs expected

“Scary Fast” Tagline ကြောင့် စွမ်းရည်မြင့် ဟာ့ဒ်ဝဲတွေ တပ်ဆင်ထားတဲ့ Macs အသစ်တွေကို ကြေညာနိုင်ပါတယ်။ ဒါဟာ ကုမ္ပဏီရဲ့ Silicon အသစ်ကို ညွှန်းဆိုချင်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် တရားဝင် ဝက်ဘ်ဆိုက်မှာ ပြသထားတဲ့ Animation မှာ macOS Finder Icon ကို မြင်ရတဲ့အတွက် Macs အသစ်တွေ ကြေညာမှာ သေချာပါတယ်။ လာမယ့် အင်္ဂါနေ့မှာ Apple ရဲ့ ထုတ်ကုန်အသစ်တွေအကြောင်း အသေးစိတ်သိရမှာပါ။

အရင်က Bloomberg ရဲ့ Mark Gurman က Apple ဟာ ဒီလကုန်မှာ Macs အသစ်တွေကို ကြေညာမယ်လို့ ပြောခဲ့ဖူးပါတယ်။ သူက M1 Chip ပါတဲ့ ၂၄ လက်မ iMac ကို မိတ်ဆက်နိုင်တယ်လို့ ပြောထားပါတယ်။ အဲဒီပွဲမှာ ၁၃၊ ၁၄ နဲ့ ၁၆ လက်မ MacBook Pros တွေကိုလည်း ချပြနိုင်ပါတယ်။ အဲဒီ ကွန်ပြူတာတွေမှာ M3 Chipset ပါလာမလားဆိုတာ မသိရသေးပါဘူး။

Ref : gizmochina