Samsung ရဲ့ System LSI ဌာနမှ ဥက္ကဌ Park Yong-in က နောက်နှစ်ထုတ် Galaxy ဖုန်းတွေမှာ ဂြိုလ်တု ဆက်သွယ်ရေး ပါလာမယ်လို့ အတည်ပြုလိုက်ပါတယ်။ အဲဒီ ဖုန်းတွေက Galaxy S24 Series ဖြစ်ပြီး ၂၀၂၄ ခုနှစ် အစောပိုင်းမှာ ကြေညာနိုင်ပါတယ်။

Samsung exec confirms emergency satellite tech on the Galaxy S24 series

2023 Semiconductor Expo (SEDEX) မှာ Park Yong-in က ဂြိုလ်တု ဆက်သွယ်ရေး ရဖို့အတွက် နည်းပညာပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ ပြုလုပ်ပြီးပြီလို့ ပြောပါတယ်။ ဒါဟာ  Exynos Modem 5300 ရဲ့ အပြန်အလှန် ဆက်သွယ်နိုင်တဲ့ ဂြိုလ်တု ဆက်သွယ်ရေး ထောက်ပံ့မှုကို ရည်ညွှန်းတာ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် မေးစရာ မေးခွန်း ထွက်လာပါတယ်။ ပေါက်ကြားသတင်းတွေအရ Galaxy S24 Ultra မှာ Snapdragon 8 Gen 3 နဲ့ S24, S24+ မှာ Exynos 2400 ပါလာမယ်လို့ သိရပါတယ်။ ဒီသတင်းသာ မှန်မယ်ဆိုရင် Ultra မှာ ဂြိုလ်တု ဆက်သွယ်ရေး ဘယ်လို ပါလာနိုင်မလဲ?

Samsung Galaxy S24 rumors: Expected release date and feature wishlist

Park Yong-in က Samsung ဟာ Ray Tracing ကို တိုးတက်အောင်လုပ်ခြင်းဖြင့် စမတ်ဖုန်းတွေရဲ့ Graphics စွမ်းရည်ကို တိုးမြှင့်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ အဲဒါဟာ ဂိမ်းတွေမှာ သဘာဝကျစေဖို့ အလင်းပြန်မှုကို ထည့်သွင်းပေးတဲ့ လုပ်ဆောင်ချက် ဖြစ်ပြီး Exynos 2200 ပါတဲ့ Galaxy S22 မှာ ထည့်ပေးထားပါတယ်။

သူက Qualcomm အသစ်စက်စက် ကြေညာထားတဲ့ Snapdragon 8 Gen 3 ရဲ့ အဓိက လုပ်ဆောင်ချက် ဖြစ်တဲ့ Generative AI အကြောင်းကိုလည်း ပြောပါသေးတယ်။ AI ဟာ Virtual Personal Assistant တစ်ယောက်လို ဖြစ်ပြီး လူသားတွေလို တုန့်ပြန်နိုင်၊ ဓါတ်ပုံ၊ ဗီဒီယိုတွေကို ဖန်တီးနိုင်တာ အပြင် တခြား အလုပ်များစွာကို လူသားတွေလို ပြုလုပ်နိုင်ပါတယ်။ Samsung ဟာ Exynos 2400 မှာ On-device Generative AI ကို ထည့်သွင်းပေးဖို့ ကြိုးစားနေတယ်လို့ ထင်ရပါတယ်။

Ref: gsmarena