Unihertz ဆိုတာ တရုတ်က မထင်မရှား စမတ်ဖုန်း ကုမ္ပဏီ ဖြစ်ပြီး ထူးခြားတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချနေပါတယ်။ အခုတော့ ကုမ္ပဏီက Power Bank လို သုံးနိုင်တဲ့ အကြမ်းခံ စမတ်ဖုန်း ၁ လုံးကို ကြေညာလိုက်ပါတယ်။
Unihertz Tank 3 လို့ အမည်ပေးထားပြီး 5G ဆက်သွယ်မှု ထောက်ပံ့ထားပါတယ်။ 23,800mAh Battery တပ်ဆင်ထားပြီး Standby သုံးရင် နာရီပေါင်း ၁,၈၀၀ တောင်ခံပါတယ်။ ဖုန်းပြောရင် ၁၁၈ နာရီ၊ သီချင်းနားထောင်ရင် ၉၈ နာရီ၊ ဗီဒီယို ကြည့်ရင် ၄၈ နာရီနဲ့ ဂိမ်း ကစားရင် ၃၈ နာရီ အသုံးခံပါတယ်။
120W Wired Charging ပါတဲ့အတွက် အားသွင်းမြန်သလို တခြား ဖုန်းတွေကို အားသွင်းပေးဖို့ Reverse Charging ထောက်ပံ့ထားပါတယ်။ ၉၀ မိနစ်ထဲနဲ့ Battery ကို ၀ ကနေ ၉၀ ရာခိုင်နှုန်း အားသွင်းနိုင်ပါတယ်။
Unihertz Tank 3 မှာ MediaTek Dimensity 8200 Chip မောင်းနှင်ထားပြီး 16GB RAM နဲ့ 512GB Storage ပါပါတယ်။ 2TB microSD Card စိုက်နိုင်ပြီး Android 13 ထည့်ထားပါတယ်။
6.79” 2460x1080p မျက်နှာပြင် ပါလာပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ အနောက်ဘက်မှာ 200MP Main , 50MP Ultrawide နဲ့ 64MP Night Vision ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ 50MP ဆဲလ်ဖီး ကင်မရာ ပါပါတယ်။
IP68 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး ၄၉၉.၉၉ ဒေါ်လာ သတ်မှတ်ထားကာ AliExpress ကနေ ရောင်းချပေးနေပါပြီ။
Ref : gizmochina