နည်းပညာတွေ ဘယ်လောက် တိုးတက် တိုးတက် လူ့ ဦးနှောက်ဟာ Processing Power အကောင်းဆုံး ဖြစ်ပါတယ်။ လူ့ ဦးနှောက်ဟာ ၁ စက္ကန့်မှာ Operation ၁၀၀ ဘီလီယမ်ကျော်ကို ပြုလုပ်နိုင်ပါတယ်။ အခုတော့ ပညာရှင်တွေက လူ့ဦးနှောက်ကို ယှဉ်နိုင်တဲ့ စူပါ ကွန်ပြူတာကို တီထွင်လိုက်ပြီး လူ့ ဦးနှောက် Structure ကို အခြေခံကာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။
Australia ရဲ့ International Center for Neuromorphic Systems က တီထွင်ထားတဲ့ Deep South စူပါကွန်ပြူတာကို ၂၀၂၄ ခုနှစ် ဧပြီလထဲမှာ ကြေညာမှာပါ။ အဲဒီ စူပါ ကွန်ပြူတာဟာ ၁ စက္ကန့်မှာ Operation ပေါင်း ၂၂၈ ထရီလီယမ်အထိ ပြုလုပ်နိုင်ပြီး လူ့ ဦးနှောက်ထက် အဆ ၂,၀၀၀ ကျော် စွမ်းရည်မြင့်မားပါတယ်။
Deep South ရဲ့ သတင်းအချက်အလက် အသေးစိတ်ကို လက်ရှိမှာ မသိရသေးပေမယ့် တီထွင်သူတွေက လူ့ ဦးနှောက် သာမက လူ့ ခန္ဓာကိုယ် တစ်ခုလုံးကို အတုယူထားတယ်လို့ ပြောပါတယ်။ သမားရိုးကျ အီလက်ထရောနစ်တွေလို မဟုတ်ဘဲ သူ့မှာ လူ့ဦးနှောက်အတိုင်း Data Storage နဲ့ Operation ကို ပေါင်းစပ်ထားပါတယ်။
လူ့ ဦးနှောက်ဟာ ချိတ်ဆက်ထားတဲ့ Nerve Cell ဘီလီယမ်ပေါင်းများစွာကို အမှီပြုထားပြီး စွမ်းအင်စားသုံးမှု နည်းပါးပါတယ်။ ဒါပေမယ့် Deep South မှာတော့ Space နဲ့ စွမ်းအင် ပိုမိုလိုအပ်ပါတယ်။
Deep South ဟာ အံ့အားသင့်စရာကောင်းတဲ့ အကျိုးကျေးဇူးတွေကို ရစေမှာပါ။ လူ့ဦးနှောက်ကို လေ့လာကာ စမတ်ကျတဲ့ ကွန်ပြူတာတွေကို တည်ဆောက်မယ်ဆိုရင် လူ့ဦးနှောက်ကို နက်ရှိုင်းစွာ သိနားလည်လာနိုင်ပါတယ်။
ပညာရှင်တွေဟာ ဦးနှောက် ရောဂါတွေကို ခွဲခြမ်းစိတ်ဖြာလာနိုင်မှာ ဖြစ်ပြီး ဆေးကုသမှုကို ဦးနှောက်က ဘယ်လိုတုန့်ပြန်သလဲဆိုတာ သိလာနိုင်ပါတယ်။ အရင်က အဖြေရှာမရတဲ့ ရောဂါအသစ်တွေကို ဖော်ထုတ်လာနိုင်ပါတယ်။
Ref : gizmochina