Counterpoint Research ရဲ့ စစ်တမ်းအရ Huawei ဟာ ဒီနှစ် ကွာတား ၁ ဖြစ်တဲ့ ဇန်နဝါရီလ ကနေ မတ်လအတွင်း Foldable ဖုန်း ရောင်းအား  အကောင်းဆုံး ဖြစ်လာပါတယ်။ အမေရိကန် အစိုးရက Huawei ကို Google Services အသုံးပြုခွင့် ပိတ်ပင်ထားတာတောင် ရောင်းအား အကောင်းဆုံး ဖြစ်လာတာက အံ့အားသင့်စရာကောင်းပါတယ်။

Huawei is the new king of foldable sales, dethroning Samsung - GSMArena.com  news

Samsung က နံပါတ် ၂ နေရာမှာ ရှိနေပြီး ၂၀၂၃ ခုနှစ် ကွာတား ၁ ကထက် ရောင်းအား ၄၂ ရာခိုင်နှုန်းတောင် ကျဆင်းသွားပါတယ်။

Huawei is the new king of foldable sales, dethroning Samsung

Huawei ဟာ ၂၅၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အများစုက တရုတ်မှာ ရောင်းချတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ကြေညာခဲ့တဲ့ Mate X5 ကြောင့် ရောင်းအား ဒီလောက်ကောင်းတာပါ။ အဲဒီဖုန်းမှာ 5G ပါတဲ့အတွက် တရုတ်မှ Consumer တွေကို စွဲဆောင်နိုင်ခဲ့တာပါ။

Honor က နံပါတ် ၃ နေရာကို ရထားပြီး ရောင်းအား ၄၆၀ ရာခိုင်နှုန်းတောင် တိုးတက်ခဲ့ပါတယ်။ အထင်ကြီးစရာ အကောင်းဆုံးက Motorola ဖြစ်ပြီး ၁,၄၇၃ ရာခိုင်နှုန်းတောင် တိုးတက်ခဲ့ပါတယ်။ Foldable ဖုန်း ရောင်းအားဟာ အရင်နှစ်ကထက် ၄၉ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ Honor နဲ့ Motorola ရဲ့ အဓိက ရောင်းအားဟာ တရုတ် ပြင်ပမှာ ဖြစ်ပါတယ်။

Ref : gsmarena