OpenAI , Google Deep Mind နဲ့ Anthropic မှ ယခင်ဝန်ထမ်းဟောင်းများစွာက အိတ်ဖွင့်ပေးစာ ၁ စောင်ကို ထုတ်ပြန်လိုက်ပြီး AI နည်းပညာဟာ လျှင်မြန်စွာ တိုးတက် ဖွံ့ဖြိုးလာပြီး တိကျတဲ့ မူဝါဒတွေ မရှိရင် လူသားတွေ မျိုးသုဉ်း ပျောက်ကွယ်သွားစေနိုင်လောက်အောင် အန္တရာယ်များတယ်လို့ ပြောပါတယ်။

What Is Real Artificial Intelligence: Characteristics of True AI | Emarsys

အဲဒီ သုတေသန ပညာရှင် အဖွဲ့က AI ကို တလွဲ အသုံးပြုရင် သတင်း အတုတွေ အမှားတွေကို ဖန်တီး မျှဝေနိုင်ပြီး အဆိုးဆုံးက AI ကို ထိန်းချုပ်လို့ မရတော့ရင် လူသားတွေ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

ChatGPT ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ စတင် ဖြန့်ချိပြီးနောက်မှာ AI နည်းပညာကို ကုမ္ပဏီများစွာက အပြိုင်အဆိုင် ဖန်တီးလာကြပါတယ်။ AI နည်းပညာ ဈေးကွက်ဟာ ၂၀၃၂ ခုနှစ်မှာ ထရီလီယမ် ဒေါ်လာ အထိ ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။

Artificial Intelligence: Definition, Evolution, Working, Importance, Tools

မကြာခင်က McKinsey ရဲ့ စစ်တမ်းအရ ၂၀၂၄ ခုနှစ် မတ်လအထိ ကုမ္ပဏီနဲ့ အဖွဲ့အစည်းပေါင်း ၇၅ ရာခိုင်နှုန်းဟာ AI ကို အသုံးပြုနေကြပြီလို့ သိရပါတယ်။ Microsoft ရဲ့ စစ်တမ်းအရ ရုံး အလုပ်သမား ၇၅ ရာခိုင်နှုန်းဟာ အလုပ်မှာ AI ကို အသုံးပြုနေကြပြီလို့ သိရပါတယ်။

AI ဟာ လူသားတွေအတွက် များစွာ အကျိုးပြုနိုင်သလို အန္တရာယ်လည်း ပေးနိုင်ပါတယ်။ အဲဒီအတွက် AI ကို ဥပဒေတွေနဲ့ တင်းတင်းကြပ်ကြပ် ထိန်းသိမ်းသွားဖို့ လိုအပ်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင် AI ဟာ လူသားတွေ မျိုးသုဉ်းသွားအောင် အထိ အန္တရာယ် ကြီးမားပါတယ်။

Ref : digitaltrends