မကြာခင်က သုတေသန အရ ဆရာဝန်တွေဟာ ကင်ဆာရောဂါကို စောစီးစွာ ကြိုတင် စစ်ဆေးပေးနိုင်တဲ့ AI ကို မကြာခင် အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ လူနာတွေမှာ ကင်ဆာကို စောစီးစွာ စစ်ဆေးနိုင်ရင် စောစီးစွာ ကုသပေးနိုင်မှာပါ။

New AI detects 13 deadly cancers with 98% accuracy from tissue samples

ဆေးပညာနယ်ပယ်မှာ Methylation အခြေပြု ကင်ဆာ စစ်ဆေးတဲ့ နည်းလမ်းကို အသုံးပြုမှုများပြားလာနေပြီး အခုတော့ AI ကိုပါ အသုံးပြုလာကြပါပြီ။ ကင်ဆာဟာ ကမ္ဘာမှာ လူသေဆုံးမှုအများဆုံး ရောဂါ ၁ ခု ဖြစ်ပြီး နှစ်စဉ် ကင်ဆာ ဖြစ်ပွားသူ ၁၉ သန်းနဲ့ သေဆုံးသူ ၁၀ သန်း ရှိပါတယ်။

345,600+ Ai Stock Photos, Pictures & Royalty-Free Images - iStock | Machine  learning, Ai icon, Technology

ကင်ဆာ အများစုဟာ စောစီးစွာ  စစ်ဆေးတွေ့ရှိနိုင်ရင် ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ ဒါပေမယ့်  ကင်ဆာ အများစုဟာ အချိန်နောက်ကျပြီးမှ စစ်ဆေးတွေ့ရှိကြပါတယ်။ အခုတော့ AI ကို အသုံးပြုကာ ကင်ဆာကို စောစီးစွာ စစ်ဆေးနိုင်တော့မှာ ဖြစ်ပါတယ်။

Cambridge University နဲ့ Imperial College of London မှ သုတေသန ပညာရှင်တွေက ကင်ဆာကို စစ်ဆေးနိုင်တဲ့ AI ကို ဖန်တီးလိုက်ကြပါတယ်။ အဲဒီ AI က ကင်ဆာ ၁၃ မျိုးကို စစ်ဆေးပေးနိုင်ပြီး ၉၈.၂ ရာခိုင်နှုန်း တိကျပါတယ်။ မဝေးတော့တဲ့ အနာဂတ်မှာတော့ AI ဟာ ကင်ဆာ ရောဂါသည်တွေကို ကယ်တင်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။

Ref : interestingengineering