Elon Musk မုန်းတီးသူတွေက ဖလော်ရီဒါမှ ကားပါကင်မှာ Delivery မပို့ရသေးတဲ့ Tesla Cybertruck ကားများစွာကို ဆေးတွေနဲ့ မှုတ်ကာ ဖျက်ဆီးလိုက်ပါတယ်။

Tesla Cybertruck defaced

Tesla ဟာ လေကာမှန်ရဲ့ Wiper Motor ပြဿနာကြောင့် Cybertruck ပို့ဆောင်တာကို ရပ်နားထားတာ ဖြစ်ပါတယ်။ အဲဒီအတွက် အမေရိကန် အဝန်းမှ တည်နေရာများစွာမှာ Delivery မပို့ရသေးတဲ့ Cybertruck ကားများစွာ စုပုံနေပါတယ်။

Florida fleet of Tesla Cybertrucks vandalized with 'F*ck Elon' | Driving

ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ကားပါကင်တွေမှာ Cybertruck တွေနဲ့ ပြည့်နေတဲ့အတွက် လူတွေဟာ ကားပါကင်ထိုးဖို့ အခက်အခဲတွေ့နေရတယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။

အခုတော့ Fort Lauderdale မှ ကားပါကင် အသစ်မှာ ရပ်နားထားတဲ့ Cybertruck များစွာကို Elon Musk ကို မနှစ်သက်သူတွေက ဆေးနဲ့မှုတ်ကာ ဖျက်ဆီးထားကြပါတယ်။ သူတို့က ကားမှာ “F*uck Elon” စတဲ့ စာသားကို ဆေးမှုတ်ထားပါတယ်။

အဲဒီကားတွေဟာ ဝယ်ယူသူထံ မပို့ရသေးတဲ့အတွက် Tesla ရဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်ကြပါတယ်။ Elon ကို မနှစ်သက်တာနဲ့ ကားတွေကို ဖျက်ဆီးတာဟာ အဓိပ္ပါယ် မရှိဘူးလို့ ထင်ပါတယ်။ Tesla ဟာ အများပိုင် ကုမ္ပဏီ ဖြစ်ပေမယ့် လူများစွာက Tesla နဲ့ Elon ကို တွဲပြီး မြင်နေကြပါတယ်။

Ref : electrek