Lenovo က K Series တက်ဘလက် အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Lenovo Tab K11 Plus လို့ အမည်ပေးထားပြီး ဈေးနှုန်းကို မပြောသေးပါဘူး။ ဒါပေမယ့် Specs တွေအရ တန်ဖိုးနည်းမှာ ဖြစ်ပါတယ်။ မကြာခင်မှာ နိုင်ငံတကာမှာ ရောင်းချနိုင်ပြီး တက်ဘလက်ကို Lenovo ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ ကြေညာထားပါတယ်။

တက်ဘလက်မှာ Snapdragon 680 Chipset မောင်းနှင်ထားပြီး 11.45” 2K Display ပါပါတယ်။ 90Hz Refresh Rate နဲ့ 400 Nit Peak Brightness ထောက်ပံ့ထားပြီး LPDDR4X RAM နဲ့ UFS 2.2 Storage ပါပါတယ်။

Lenovo Tab K11 Plus - Full tablet specifications

4TGB, 6GB နဲ့ 8GB RAM နဲ့ 64GB, 128GB နဲ့ 256GB Storage တွေ ထုတ်လုပ်ထားပြီး microSD Card စိုက်နိုင်ပါတယ်။ အနောက်ဘက်မှာ 13MP နဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ တပ်ဆင်ထားပါတယ်။

LTE နဲ့ WiFi Version တွေ ထုတ်လုပ်ထားပြီး USB-C Charging Port တပ်ဆင်ထားပါတယ်။ ဘူးထဲမှာ 20W Charging Adapter ပါလာပါတယ်။ 8600mAh Battery ထည့်သွင်းထားပြီး အားအပြည့်သွင်းထားရင် ၁၂ နာရီကြာ ဗီဒီယို ကြည့်နိုင်ပါတယ်။ Dolby Atmos စပီကာ ၄ လုံးနဲ့မိုက်ကရိုဖုန်း ၂ လုံး တပ်ဆင်ထားပါတယ်။

Ref : gizmochina