ဂျပန် ကုမ္ပဏီ ၂ ခုက ကောင်းကင်မှာ ပျံသန်း ၊ ရေပြင်မှာ မောင်းနှင်နိုင်တဲ့ ဒရုန်းကို ပူးပေါင်းတီထွင်လိုက်ပါတယ်။ Penta Ocean Construction နဲ့ Prodrone Co. Ltd  တို့ ပူးပေါင်း ထုတ်လုပ်ထားတာ ဖြစ်ပြီး ပင်လယ်ပြင်မှာ သုတေသန လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်။ ဒရုန်းရဲ့ အမည်က Penta-Ocean Vanguard-DroneAqua (POV-DA) ဖြစ်ပါတယ်။

Updates - PENTA-OCEAN

မြင့်မားတဲ့ စွမ်းရည်ပါတဲ့ ပင်လယ်ပြင် သုတေသန ဒရုန်း ဖြစ်ပါတယ်။ အလွန် တိကျတဲ့ GNSS ဂြိုလ်တု စနစ်ကို အသုံးပြုထားပြီး လက်ရှိ တည်နေရာကို အချိန်နဲ့ တစ်ပြေးညီ ပြသပေးနိုင်ပါတယ်။ ရေအနက်ကို တွက်ချက်တိုင်းတာပေးနိုင်ပါတယ်။ ပင်လယ်မှာ လှိုင်းထနေရင်လည်း သွားလိုတဲ့ နေရာကို ရောက်အောင် သွားနိုင်ပါတယ်။

Updates - PENTA-OCEAN

ရေအောက်က ဆောက်လုပ်ရေး လုပ်ငန်းတွေရဲ့ အခြေအနေကို ဒရုန်းက စောင့်ကြည့် စစ်ဆေးပေးနိုင်ပြီး အချိန်နဲ့ တစ်ပြေးညီ သတင်းအချက်အလက်တွေကို ပို့ဆောင်ပေးနိုင်ပါတယ်။ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ ဒေသတွေမှာလည်း ကောင်းကင်ကနေ ဓါတ်ပုံတွေ ရိုက်ကူးပေးနိုင်ပါတယ်။

POV-DA ရဲ့ ပင်လယ်ပြင် သုတေသနလုပ်ငန်းနဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု စွမ်းရည်ဟာ တော်တော် ကောင်းမွန်ပါတယ်။ ဒရုန်းမှာ တခြား ကိရိယာတွေ တပ်ဆင်ပြီး စွမ်းရည်မြှင့်တင်နိုင်ပါတယ်။ ဒရုန်းရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gizmochina