ဆော်ဒီအာရေးဗီးယားမှာ ကျင်းပမယ့် 2030 World Expo ကို လာရောက်သူတွေကို သယ်ယူပို့ဆောင်ပေးဖို့အတွက်  လျှပ်စစ် ဟယ်လီကော်ပတာ ထောင်ဂဏန်းကို ဆော်ဒီ အစိုးရက ဩစတြီးယား အခြေစိုက် FlyNow ကုမ္ပဏီထံကနေ မှာယူထားပါတယ်။ ၂၀၃၀ ခုနှစ်မှာ ကျင်းပမယ့် ပွဲအတွက်ဆိုတော့ ဟယ်လီကော်ပတာရဲ့ ဒီဇိုင်းကလည်း တော်တော် ခေတ်ရှေ့ပြေးပါတယ်။

FlyNow eCopter takes a smaller, simpler approach to "air taxi" travel

FlyNow ဟာ ဟယ်လီကော်ပတာ အစီးရေများစွာ ထုတ်လုပ်ပေးဖို့အတွက် ဆော်ဒီအာရေးဗီးယားမှာ စက်ရုံ ၁ ခုကို ဖွင့်လှစ်တော့မယ်လို့ Saudi Arabia Holding Co. CEO Mohammed Al Qahtani က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ သူက ဆော်ဒီအာရေးဗီးယား နိုင်ငံ Riyadh မှာ ကင်းပမယ့် နိုင်ငံတကာ ကုန်စည် ပြပွဲ ကာလမှာ လာရောက်သူတွေကို သယ်ယူပို့ဆောင်ပေးမယ့် လျှပ်စစ် ဟယ်လီကော်ပတာ ထောင်ဂဏန်းကို FlyNow က ထုတ်လုပ်ပေးမယ်လို့ ပို့စ်မှာ ရေးသားထားပါတယ်။

FlyNow Aviation – Urban mobility in three dimensions!

အရွယ်သေး လျှပ်စစ် ဟယ်လီကော်ပတာ အတွက် လူ ၁ ယောက်စီးနဲ့ လူ ၂ ယောက်စီး မော်ဒယ်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပြီး အလေးချိန် ၂၀၀ ကီလိုဂရမ် (၄၄၀ ပေါင်) ကို သယ်‌ဆောင်နိုင်ပါတယ်။ အများဆုံး အနေနဲ့ ၅၇၀ ကီလိုဂရမ် (၁,၂၅၆ ပေါင်) ကို သယ်ဆောင်နိုင်ပါတယ်။

မိနစ် ၃၀ ကြာတဲ့ ၅၀ ကီလိုမီတာ (၃၁ မိုင်) ခရီးကို ပျံသန်းနိုင်ပြီး အမြန်ဆုံး အနေနဲ့ ၁ နာရီကို ၁၃၀ ကီလိုမီတာ (၈၀ မိုင်) မောင်းနှင်နိုင်ပါတယ်။ ဟယ်လီကော်ပတာတွေမှာ ဘက်ထရီကို အသုံးပြုထားတဲ့အတွက် ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှု မရှိပါဘူး။

Ref : Technology Innovation