realme က Narzo N61 ကို ကြေညာလိုက်ပြီး ကြံ့ခိုင်မာကျောတဲ့ ဖုန်း ဖြစ်ပါတယ်။ အလူမီနီယမ် နဲ့ တည်ဆောက်ထားပြီး အတွင်းထဲမှာ သတ္တုဖရိမ်ကို အသုံးပြုထားပါတယ်။ အပြင်ဘက်မှာ မာကျောတဲ့ ဖန်နဲ့ ဖုံးအုပ်ထားပါတယ်။ Main Circuit Board မှာ တုန်ခါမှုကို ခံနိုင်အောင် တည်ဆောက်ထားပါတယ်။ IP54 ရေစိုခံစံနှုန်းပါပါတယ်။
N61 မှာ 6.74” LCD HD+ Display တပ်ဆင်ထားပြီး 90Hz Refresh Rate နဲ့ 560 Nits Brightness ထောက်ပံ့ထားပါတယ်။ Touchscreen ကို လက်ရေစိုနေရင်တောင် အသုံးပြုနိုင်ပါတယ်။ အဲဒီအတွက် မိုးရေထဲမှာလည်း သုံးနိုင်ပါတယ်။ 5MP ကင်မရာကို Notch မှာ တပ်ဆင်ထားပြီး Notch ပတ်ဝန်းကျင်မှာ သတင်းအချက်အလက်တွေ ပြသပေးတဲ့ realme Mini Capsule 2.0 UI ပါပါတယ်။ အနောက်ဘက်မှာ 32MP ကင်မရာ တပ်ဆင်ထားပြီး 1080p Video ရိုက်ကူးနိုင်ပါတယ်။
N61 မှာ Unisoc T612 Chipset မောင်းနှင်ထားပြီး 4/6GB RAM နဲ့ 64/128GB Storage ထည့်သွင်းထားပါတယ်။ microSD Card လည်း စိုက်နိုင်ပါတယ်။ 5,000mAh Battery ထည့်သွင်းထားပြီး USB-C Port ကနေ အားသွင်းနိုင်ပါတယ်။
Narzo N61 ဟာ 4G ဖုန်း ဖြစ်ပြီး 4/64GB ကို ၇,၅၀၀ ရူပီးနဲ့ 6/128GB ကို ၈,၅၀၀ ရူပီး သတ်မှတ်ထားပါတယ်။
Ref : gsmarena