realme က ဒီလ ၁၄ ရက်နေ့ တရုတ်မှာ ပွဲအခမ်းအနား ၁ ခု ကျင်းပပြီး 300W Wired Charging နည်းပညာကို ပြသမှာ ဖြစ်ပါတယ်။ realme ရဲ့ 300W Charging နည်းပညာနဲ့ ပတ်သက်တဲ့ သတင်းတွေလည်း မကြာခဏ ထွက်ပေါ်နေပါတယ်။
အခုတော့ တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီ နည်းပညာနဲ့ ပတ်သက်တဲ့ ဗီဒီယို ၁ ခု ထွက်ပေါ်လာပါတယ်။ ဗီဒီယိုမှာ ၃၂ စက္ကန့်အတွင်း ဖုန်းကို ၁၅ ရာခိုင်နှုန်း အားသွင်းပေးနိုင်တာကို မြင်ရပါတယ်။ ၃၅ စက္ကန့်မှာ ၁၇ ရာခိုင်နှုန်း အားဝင်ပါတယ်။
ဒါဟာ တော်တော် အထင်ကြီးစရာ ကောင်းပါတယ်။ Redmi ဟာ ပြီးခဲ့တဲ့နှစ်က 300W Charging နည်းပညာကို ကြေညာခဲ့ပေမယ့် အခုထက်ထိ အဲဒီ နည်းပညာ ပါတဲ့ စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချနိုင်ခြင်း မရှိသေးပါဘူး။ realme ဟာ 300W Charging နည်းပညာကို ကြေညာပြီး သိပ်မကြာခင်မှာ အဲဒီ နည်းပညာ ပါတဲ့ စမတ်ဖုန်းကို ရောင်းချနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
realme ဟာ 240W Charging ပါတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချထားပါတယ်။ မကြာခင်မှာတော့ 300W Charging နည်းပညာ ပါတဲ့ realme ရဲ့ စမတ်ဖုန်းတွေ ထွက်ပေါ်လာနိုင်ပါတယ်။
Ref : gsmarena