Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က iPhone 16 Series ဟာ ရောင်းအား မကောင်းဘူးလို့ ပြောပါတယ်။ သူက Supple Chain Survey နဲ့ Apple တရားဝင် ဝက်ဘ်ဆိုက်မှ ကြိုတင်မှာယူမှု စာရင်းတွေကို တွက်ချက်ကာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

iPhone 16 Pro sales are below expectations, analyst claims

iPhone 16 Series ရဲ့ ပထမ တစ်ပတ်အတွင်း ကြိုတင်မှာယူမှုဟာ အလုံး ၃၇ သန်း ဝန်းကျင် ရှိမယ်လို့ တွက်ချက်ထားကြပြီး iPhone 15 Series ပထမ အပတ် ရောင်းအားနဲ့ နှိုင်းယှဉ်ရင် ၁၂.၇ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ ဒါပေမယ့် iPhone 16 နဲ့ 16 Plus ရဲ့ ပထမ အပတ်ရောင်းအားက အရင်နှစ်ကထက် ပိုများလာပါတယ်။

Apple ဟာ iPhone 16 Pro Max ရောင်းအားကောင်းမယ်လို့ တွက်ထားပေမယ့် iPhone 16 Pro နဲ့ Pro Max ဝယ်လိုအားဟာ မျှော်မှန်းထားတာထက် ပိုနည်းသွားပါတယ်။

iPhone 16 Pro Max - 6X NEW LAST MINUTE LEAKS! - YouTube

Kuo က Pro မော်ဒယ်တွေရဲ့ ရောင်းအားနည်းရခြင်းမှာ Apple Intelligence ကို စတင်ရောင်းချတဲ့ စက်တင်ဘာလ ၂၀ ရက်နေ့က စတင်ကာ မထည့်သွင်းပေးထားလို့ ဖြစ်တယ်လို့ ပြောပါတယ်။ Apple Intelligence ကို အောက်တိုဘာလက စတင်ကာ နောက်နှစ်အတွင်း အသုတ်လိုက် ဖြန့်ချိပေးမှာပါ။ တရုတ်မှာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့အတွက် iPhone ရောင်းအားကို ထိခိုက်သွားစေပါတယ်။

Kuo က Apple Intelligence ကို ထည့်သွင်းပေးတာနဲ့ Pro မော်ဒယ်တွေ ရောင်းအားကောင်းလာနိုင်တယ်လို့ ပြောပါတယ်။

Ref : gsmarena