Apple က တစ်ကမ္ဘာလုံးအတွက် iOS 18 ကို ဖြန့်ချိပေးလိုက်ပြီး အဟောင်းဆုံး ဖုန်းတွေအနေနဲ့ iPhone XR, XS နဲ့ XS Max မှာ ရကြမှာပါ။ အဲဒီဖုန်းတွေကို ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ ရောင်းချထားတာ ဖြစ်ပြီး အဲဒီနောက်ပိုင်းထုတ် ဖုန်းတွေအားလုံးမှာ iOS 18 ရကြမှာပါ။ Settings> General> Software Update မှာ iOS 18 ရပြီလားဆိုတာ စစ်ဆေးနိုင်ပါတယ်။
iOS 18 ရမယ့် iPhone အားလုံးကို အောက်မှာ ဖော်ပြလိုက်ပါတယ်။
- iPhone 16
- iPhone 16 Plus
- iPhone 16 Pro
- iPhone 16 Pro Max
- iPhone 15
- iPhone 15 Plus
- iPhone 15 Pro
- iPhone 15 Pro Max
- iPhone 14
- iPhone 14 Plus
- iPhone 14 Pro
- iPhone 14 Pro Max
- iPhone 13
- iPhone 13 mini
- iPhone 13 Pro
- iPhone 13 Pro Max
- iPhone 12
- iPhone 12 mini
- iPhone 12 Pro
- iPhone 12 Pro Max
- iPhone 11
- iPhone 11 Pro
- iPhone 11 Pro Max
- iPhone XS
- iPhone XS Max
- iPhone XR
- iPhone SE (2022)
- iPhone SE (2020)
iOS 18 မှာ Apple Intelligence မပါလာသေးပါဘူး။ နောက်လကျမှ iOS 18.1 မှာ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ ဒါဟာ အမေရိကန်အတွက်ပဲ ဖြစ်ပြီး ဥရောပနဲ့ တရုတ်မှာ မကြာခင်ရမှာ မဟုတ်သေးပါဘူး။
ref : gsmarena