realme က အိန္ဒိယမှာ P2 Pro ကို ကြေညာလိုက်ပြီး 6.7” Curved OLED Screen တပ်ဆင်ထားပါတယ်။ FHD+ Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ထားပြီး Panel ကို Corining Gorilla Glass 7i နဲ့ ကာကွယ်ထားပါတယ်။ 2,000 Nits Peak Brightness ထုတ်လုပ်ပေးနိုင်ပြီး 32MP အရှေ့ ကင်မရာ တပ်ဆင်ထားပါတယ်။

Realme P2 Pro debuts with curved OLED and 50MP main cam, Pad 2 Lite tags along

Parrot Green နဲ့ Eagle Grey အရောင်ထုတ်လုပ်ထားပြီး IP65 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။ အောက်ပြုတ်ကျတဲ့ ဒဏ်ကို ခံနိုင်အောင် တုန်ခါမှု စုပ်ယူတဲ့ ဖရိမ် ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 50MP Main (OIS) နဲ့ 8MP Ultrawide ကင်မရာ ၂ လုံးနဲ့ LED Flash တပ်ဆင်ထားပါတယ်။

Realme P2 Pro debuts with curved OLED and 50MP main cam, Pad 2 Lite tags along

Qualcomm Snapdragon 7s Gen 2 Chipset မောင်းနှင်ထားပြီး 8/12GB RAM နဲ့ 128/256/512GB Storage ထုတ်လုပ်ထားပါတယ်။ အပူချိန်လျှော့ချပေးတဲ့ 4,500mm2 Vapor Chamber ထည့်သွင်းထားပါတယ်။

Realme P2 Pro debuts with curved OLED and 50MP main cam, Pad 2 Lite tags along

Android 14 အခြေပြု realme UI 5.0 မောင်းနှင်ထားပြီး 80W SuperVOOC Charging ထောက်ပံ့တဲ့ 5,200mAh Battery ပါပါတယ်။ ၁၉ မိနစ်အတွင်း ၀ ကနေ ၅၀ ရာခိုင်နှုန်း အားသွင်းနိုင်ပါတယ်။

realme P2 Pro ရဲ့ 8/128GB ကို ၂၆၀ ဒေါ်လာ၊ 12/256GB ကို ၃၀၀ ဒေါ်လာနဲ့ 12/512GB ကို ၃၃၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena