Mercedes က နောက်မျိုးဆက် လျှပ်စစ်ကားတွေမှာ Solid-state Battery အသစ်ကို ထည့်သွင်းတော့မှာ ဖြစ်ပါတယ်။ Factorial နဲ့ ပူးပေါင်း ထုတ်လုပ်ထားတဲ့ Solid-state Battery ဟာ လျှပ်စစ်ကား မောင်းနှင်နိုင်တဲ့ အကွာအဝေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်ပါတယ်။

Mercedes-all-solid-state-EV-batteries

Factorial ဟာ လျှပ်စစ်ကား Battery နည်းပညာမှာ ထိပ်တန်းရောက်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ အမေရိကန် အခြေစိုက် ကုမ္ပဏီက သူ့ရဲ့ နည်းပညာဟာ လျှပ်စစ်ကား မောင်းနှင်နိုင်တဲ့ အကွာအဝေးကို တိုးမြှင့်ပေးပြီး ဘေးကင်းလုံခြုံမှု ပိုကောင်းတယ်လို့ ပြောပါတယ်။ လက်ရှိဈေးကွက်ထဲက Battery တွေထက် ကုန်ကျစားရိတ် သက်သာစေပါတယ်။

Mercedes-all-solid-state-EV-batteries

Factorial မှာ ရင်းနှီးမြှပ်နှံထားတဲ့ ကားကုမ္ပဏီတွေထဲမှာ Mercedes အပြင် Hyundai နဲ့ Stellantis တို့လည်း ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ Factorial ဟာ Solstice အမည်ရ Solid-state Battery ကို မိတ်ဆက်လိုက်ပြီး Mercedes နဲ့ ပူးပေါင်း ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ အဲဒီ Battery ကို Mercedes ရဲ့ နောက်မျိုးဆက် လျှပ်စစ်ကားတွေမှာ အသုံးပြုမှာ ဖြစ်ပါတယ်။

Battery ရဲ့ Energy Density ဟာ 450 Wh/kg ရှိပြီး Factorial က လျှပ်စစ်ကား မောင်းနှင်နိုင်တဲ့ အကွာအဝေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် လျှပ်စစ်ကားရဲ့ အလေးချိန်ကို လျှော့ချပေးနိုင်ပါတယ်။ Factorial က အနာဂတ် လျှပ်စစ်ကားတွေဟာ မိုင် ၆၀၀ ကျော် မောင်းနှင်နိုင်ဖို့ ရည်မှန်းထားပါတယ်။

Ref : electrek