အိန္ဒိယရဲ့ ပစ္စည်းပို့ဆောင်ပေးတဲ့ Bigbasket က Croma Electronics နဲ့ ပူးပေါင်းပြီး iPhone 16 ဝယ်ရင် ၁၀ မိနစ်နဲ့ အိမ်အရောက်ပို့ဆောင်ပေးမယ်လို့ ကြေညာလိုက်ပါတယ်။

India's Bigbasket promises to deliver iPhone 16 in 10 minutes

အဲဒီ ဝန်ဆောင်မှုကို အစပိုင်းမှာ ဘင်ဂါလာရူး၊ ဒေလီနဲ့ မွန်ဘိုင်းမှာ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ကုမ္ပဏီက ဘင်ဂါလာရူးမှ ကိုရမန်ဂါလာမှာ Customer ၁ ယောက်ထံ ပထမဆုံး iPhone 16 ကို ၇ မိနစ်နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ ပြောပါတယ်။

Apple iPhone 16 Mobile Store in Kolkata

Bigbasket နဲ့ Croma တို့ ပူးပေါင်းမှုမှာ စမတ်ဖုန်း အပြင် လက်ပ်တော့နဲ့ PlayStation တို့လို အီလက်ထရောနစ် ပစ္စည်းတွေ ပါဝင်ပါတယ်။

အိန္ဒိယမှာ iPhone 16 ကို ၇၉,၉၀၀ ရူပီး သတ်မှတ်ထားပြီး Plus, Pro နဲ့ Pro Max ကို ၈၉,၉၀၀ ၊ ၁၁၉,၉၀၀ နဲ့ ၁၄၄,၉၀၀ ရူပီး အသီးသီး သတ်မှတ်ထားပါတယ်။ မော်ဒယ်အားလုံးကို Apple Online Store  နဲ့ Offline Store အပြင် တခြား မြေပြင်စတိုးတွေကနေ အိန္ဒိယမှာ ရောင်းချပေးနေပါတယ်။

iPhone 16 Series ကို နိုင်ငံ ၅၈ ခုမှာ ရောင်းချပေးနေပြီး အဲဒီအထဲမှာ Australia, Canada, China, France, Germany, Japan, Malaysia, Mexico, South Korea, Turkey, the UAE, the U.K. နဲ့ the US တို့ ပါဝင်ပါတယ်။

ref : gsmarena .