တူရကီမှ User ၁ ယောက်ဟာ Samsung Galaxy Buds FE ရုတ်တရက် ပေါက်ကွဲမှုကြောင့် အကြားအာရုံ ဆုံးရှုံးသွားပါတယ်။ အကြားအာရုံ ထာဝရ ဆုံးရှုံးသွားတဲ့အတွက် ဒါဟာ စိတ်မကောင်းစရာ သတင်းပါ။ အဲဒီလူက Samsung ရဲ့ Service Center ကို နားကြပ်ယူဆောင်သွားပေမယ့် စိတ်ကျေနပ်မှု မရခဲ့ပါဘူး။

Samsung က နားကြပ်အသစ် တစ်စုံကိုပဲ ပေးခဲ့ပါတယ်။ အကြားအာရုံ ဆုံးရှုံးသွားတဲ့ လူ ၁ ယောက်အတွက် နားကြပ်အသစ်ဟာ ဘာမှ အသုံးမဝင်ပါဘူး။ Samsung က နားကြပ်ကို စစ်ဆေးပြီးနောက် ပြဿနာ ဖြစ်ရတဲ့ အကြောင်းအရင်းကို နားမလည်ခဲ့ပါဘူး။ အဲဒီ နားကြပ်ကို ဝယ်ယူထားတဲ့ တခြားလူတွေမှာလည်း အဲဒီပြဿနာ ဖြစ်ပွားနိုင်ပါတယ်။

Samsung ရဲ့ တူရကီ ဖိုရမ်မှာ အဲဒီအကြောင်းကို ပြောဆိုနေကြပြီး Samsung က အသေးစိတ် စုံစမ်းစစ်ဆေးမယ်လို့ ထင်ရပါတယ်။ Galaxy Note 7 လို အဖြစ်ဆိုးမျိုး နောက်ထပ် ဘယ်သူမှ ဖြစ်ချင်ကြမှာ မဟုတ်ပါဘူး။

အကြားအာရုံ ဆုံးရှုံးသွားသူက Samsung ကို Complain တက်မှာ ဖြစ်ပြီး ဒီကိစ္စကို ဒီအတိုင်းပြီးသွားမှာကို လက်ခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ Samsung ဟာ သူ့ရဲ့ ထုတ်ကုန်တွေအတွက် အသေးစိတ် Quality Control Test ကို ပြုလုပ်ဖို့လိုအပ်နေပါပြီ။

Ref : gizmochina