ကား ကုမ္ပဏီတွေက ထူးခြားဆန်းသစ်တဲ့ ကားတွေကို အပြိုင်အဆိုင် ထုတ်လုပ်ရောင်းချနေကြပါတယ်။ ဒါပေမယ့် Changan ရဲ့ Nevo E07 ကတော့ လူတွေကို အံ့အားသင့်စေခဲ့ပါတယ်။ အဲဒီ ကားဟာ SUV နဲ့ Pickup Truck Mode ကို ပြောင်းလဲနိုင်ပါတယ်။

Shape-shifting SUV Changan Nevo E07 goes on sale in China

Nevo E07 မှာ Level 2+ Autonomous Driving စွမ်းရည် အပါအဝင် အဆင့်မြင့် ယာဉ်မောင်းထောက်ကူစနစ်တွေ ပါလာပါတယ်။ ဒါပေမယ့် တကယ့် စွမ်းရည်က ဂြိုလ်တု ဆက်သွယ်ရေး စနစ်ဖြစ်ပြီး Changan က ကမ္ဘာ့ ပထမဆုံးလို့ ပြောပါတယ်။ အဲဒီစနစ်မှာ ဆန်ဆာများစွာနဲ့ စွမ်းရည်မြင့် NVIDIA Orin-x Chip ထည့်သွင်းထားပြီး Nevo E07 ဟာ အင်တာနက် အမြဲချိတ်ဆက်ထားနိုင်သလို ပတ်ဝန်းကျင်မှ အရာတွေကို သိနားလည်ပါတယ်။

Shape-shifting SUV Changan Nevo E07 goes on sale in China

အဲဒီကားအတွက် မော်ဒယ် ၂ မျိုးထုတ်လုပ်ထားပြီး EREV (Extended-range Electric Vehicle) နဲ့ EV (Pure Electric) တို့ ဖြစ်ပါတယ်။ EREV ဟာ လျှပ်စစ်စွမ်းအင်နဲ့ ၁၂၄ မိုင်မောင်းနှင်နိုင်ပြီး အဲဒီနောက်မှာ လောင်စာဆီ အင်ဂျင်နဲ့ ဆက်လက်မောင်းနှင်နိုင်ပါတယ်။

အဲဒီ လျှပ်စစ်ကားတွေမှာ အဓိက Battery စွမ်းအင်ကို မှီခိုထားပါတယ်။ Single-motor နဲ့ Dual-motor ထုတ်လုပ်ထားပြီး အကွာအဝေးကို ၃၄၂ မိုင် ကနေ ၆၂၀ မိုင်အထိ တိုးမြှင့်နိုင်ပါတယ်။ 800V High-voltage Fast Charging ကြောင့် ၁၅ မိနစ်အားသွင်းရင် ၃၆၅ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။

Changan က တရုတ်မှာ Nevo E07 ကို ကြိုတင်ရောင်းချပေးနေပြီး EREV Max ကို စတာလင်ပေါင် ၂၆,၈၀၀ နဲ့ Ultra High-performance Version ကို စတာလင်ပေါင် ၃၄,၄၀၀ သတ်မှတ်ထားပါတယ်။ အောက်တိုဘာလမှာ အမြောက်အများ ထုတ်လုပ်မှာ ဖြစ်ပြီး ဒီနှစ် ကွာတား ၄ မှာ ရောင်းချနိုင်ပါတယ်။

Ref : gsmarena