Tecno က ပြီးခဲ့တဲ့ အောက်တိုဘာလမှာ Pop 8 ကို ကြေညာခဲ့ပြီး အခုတော့ Pop 9 5G ကို မိတ်ဆက်လိုက်ပါတယ်။

Tecno Pop 9 5G မှာ Dimensity 6300 SoC မောင်းနှင်ထားပြီး 4GB RAM နဲ့ 128GB Storage အထိ ပါပါတယ်။ Android 14 မောင်းနှင်ထားပြီး 120Hz Display တပ်ဆင်ထားပါတယ်။ 6.6” HD+ Display ပါလာပြီး Punch Hole မှာ 8MP ဆဲလ်ဖီး ကင်မရာ ထည့်သွင်းထားပါတယ်။

Tecno Pop 9 5G arrives with Dimensity 6300, 120Hz screen, and 48MP camera

အနောက်ဘက်မှ Main ကင်မရာကတော့ 48MP Sony IMX582 Sensor ဖြစ်ပြီး AI ကင်မရာနဲ့ ပူးတွဲထားပါတယ်။  5,000mAh Battery တပ်ဆင်ထားပြီး 18W Charging ထောက်ပံ့ထားပါတယ်။ နားကြပ်ပေါက်၊ NFC ၊ IR Blaster ၊ IP54 Rating ၊ USB-C နဲ့ Dolby Atmos ထောက်ပံ့တဲ့ စပီကာ ၂ လုံး ပါလာပါတယ်။

Tecno Pop 9 5G arrives with Dimensity 6300, 120Hz screen, and 48MP camera

Tecno Pop 9 5G အတွက် Midnight Shadow, Azure Sky နဲ့ Aurora Cloud အရောင်တွေ ထုတ်လုပ်ထားပြီး 4/64GB နဲ့ 4/128GB Version တွေကို ၁၁၅ ဒေါ်လာနဲ့ ၁၂၀ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။ အိန္ဒိယမှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး အောက်တိုဘာလ ၇ ရက်နေ့ ရောင်းမှာပါ။

Tecno Pop 9 5G arrives with Dimensity 6300, 120Hz screen, and 48MP camera

Ref : gsmarena